အကယ်ဒမီ နဲ့ ကံသိပ်မစပ်ဘူး ဆိုတဲ့ ခိုင်သင်းကြည်


ခိုင်သင်းကြည်က လတ်တလောမှာ ရုပ်ရှင် ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေတာ တွေ့ရပါတယ်။ ဆက်တိုက် ရိုက်ဖြစ်နေတဲ့ ရုပ်ရှင် ဇာတ်ကားတွေ ကဟာသ ဇာတ်ကားတွေ ဖြစ်ပြီး စ်ခါတလေမှာလည်း ဇာတ်လမ်းပုံစံ တူတာတွေ ရှိတာကြောင့် ငြင်းရတာတွေလည်း ရှိကြောင်း ပြော ပါတယ်။
”ဇာတ်ကားကြီး ကတော့ အကုန် လုံး ရိုက်နေ ရပါတယ်။ မခိုင်လေးတင် မဟုတ်ပါဘူး။ ကားကြီးအနေ နဲ့ ပိုပြီးရိုက်ဖြစ်ကြတယ်။ ရုပ်ရှင် ဇာတ်ကားကြီးတွေ ရိုက်တာ များပြီး ရုပ်ရှင်ပြန်ရှင်သန် လာတာလည်း ကောင်းပါ တယ်။ ဒါပေမဲ့ အကယ်ဒမီမှာ ကျတော့ ဆန်ခါတင်မှာ ဘယ်နှကား စာရင်းဝင် ကြည့်တဲ့အခါ မခိုင် ရိုက်သမျှက ဟာသ ကားချည်းပဲ။ တစ်ခါ တလေကျရင် ဇာတ်လမ်း တူနေလို့ လက်မခံတာတွေ ရှိတယ်။ ဇာတ်ကားကြီးချင်း တူရင် ဟိုဇာတ်ကားမှာလည်း ဒီပုံစံမျိုးလေးပဲ လုပ်ရတာ ဆို ငြင်း ရတာတွေလည်း ရှိပါတယ်။ ဟာသ ဇာတ်ကားတွေ  ရိုက်ရတာ တအား များပါတယ်”လို့ ပြောပါတယ်။
 နောက်ထပ်လည်း ရုပ်ရှင်ဇာတ် ကားတွေရိုက်ဖို့ လက်ခံထားပြီး ဟာသ ဇာတ်ကားတွေ ဖြစ်တာကြောင့် သူ့ အနေနဲ့ အကယ်ဒမီ မှန်းလို့ရတဲ့ ဇာတ်ကား မပါဝင်ကြောင်း ခိုင်သင်းကြည် က ပြောပါတယ်။ ၂ဝ၁၄ ခုနှစ်၊ အကယ်ဒမီ စာရင်းဝင် ဇာတ်ကားတွေ ထဲမှာတော့ ခိုင်သင်းကြည် ပါဝင်သရုပ် ဆောင် ထားတဲ့ ‘ကောင်းကျိုး ကိုယ်၌ တည်စေမင်း’ ရုပ်ရှင် ဇာတ်ကားလည်း ပါဝင်ပါတယ်။ ဒီဇာတ်ကားမှာ မျိုးချစ်စိတ် ရှိတဲ့သူအဖြစ် သရုပ်ဆောင် ထားပြီး ကြိုးစား အားထုတ်မှုတွေ လည်း လုပ်ထားခဲ့ တာကြောင့် အကယ်ဒမီ ဆုကိုလည်း မျှော်မှန်းလို့ရတဲ့ ဇာတ် ကားပဲဖြစ်ပါတယ်။ ဒီရုပ်ရှင် ဇာတ် ကား ရင်ခုန်မှုနဲ့ ပတ်သက်ပြီး ခိုင်သင်း ကြည်က…
”အကယ်ဒမီ နီးလာရင်တော့ ဆန်ခါတင် စာရင်းမှာ ပါရင်ပါမှာပေါ့လေ။ အခုတော့ မသိသေးဘူး။ မခိုင် တို့ရိုက်ခဲ့သမျှ ဟာသ ဇာတ်ကားတွေ နဲ့ မတူတာတော့ အမှန်ပဲ။ ဒါက ကွဲထွက်တယ်။ မခိုင်အတွက်လည်း အမှတ်တရတွေ နဲ့ ရိုက်ခဲ့ရတဲ့ဇာတ် ကားပါ။ အဲဒီလို ဇာတ်ကားမျိုးက နောက်ရိုက်ဖို့ ဆိုရင်လည်း မလွယ်တော့ဘူး။ အခုလာ သမျှက ဟာသ ကားတွေချည်းပဲ။ ဒီဇာတ်ကားက ရိုက်ရတာလည်း ပင်ပန်း တယ်။ အဲဒီထဲက ကာရိုက်တာက အလုပ်သမား ခေါင်းဆောင် ပုံစံမျိုး လေးနဲ့ မျိုးချစ်စိတ် ရှိတဲ့ လူမျိုးပေါ့။ ဒါပေမဲ့ အမေ ဒေါ်အောင်ဆန်းစုကြည် လိုမျိုး တကယ့်ကို ပညာရှိပြီးတော်တဲ့ လူ မဟုတ်ဘူး။ မျိုးချစ်စိတ် ရှိတာ တစ်ခုပဲ။ ဒါပေမဲ့ ဦးနှောက် ရှိပြီး တော်တဲ့လူ မဟုတ်ဘူး အဲဒီလို သရုပ်ဆောင်ထားတယ်။ အဝတ်အစား ကအစ ဂရုစိုက်ပြီးဝတ်တယ်။ ကိုယ်စီးတဲ့ ဖိနပ်နဲ့ အဝတ်အစားကအစ နိုင်ငံခြား ဖြစ်တွေ မပါဘူး။ တကယ့်မြန် မာဖြစ်ကိုပဲ ဝတ်ထားတယ်။ ဦးထုပ်ကအစ ဝါးခမောက်ကိုပဲ ဆောင်းထားတယ်။ သဘာဝ ကျကျ သရုပ်ဆောင်ထားပါ တယ်”လို့ ပြောပါတယ်။
အကယ်ဒမီဆု ကိုတော့ ကံသိပ် မစပ်တဲ့အတွက် မမျှော်လင့်ရဲပါ ဘူး ဆိုတဲ့ ခိုင်သင်းကြည်က..
”အကယ်ဒမီက တော့ ဝေးပါ သေးတယ်။ အကယ်ဒမီ နဲ့ပတ်သက်ရင် ကံစပ်တဲ့ထဲမှာ မပါပါဘူး။ ကိုယ့်ထက် အများကြီး နောက်ကျတဲ့ ကလေးတွေ ရပြီးမှ ရရတာ ပါ။ နှစ်နှစ် ဆက်တိုက် ကံကောင်းမယ်လို့တော့ မထင်မိဘူး။ ကိုယ့်ဘက် ကတော့ အကောင်းဆုံး ကြိုးစားခဲ့တယ်။ အကယ်ဒမီနဲ့ ကံသိပ်မစပ်တော့ မမျှော်လင့်ရဲ ပါဘူး” လို့ ပြောပါတယ်။
 ခိုင်သင်းကြည်က လတ်တလောမှာ ဒါရိုက်တာခင်စောမျိုး ရိုက်ကူးတဲ့ ရပ်ကွက်ဘုရင်မ ရုပ်ရှင် ဇာတ်ကား မှာ   ပါဝင်နေပါတယ်။
ခိုင်ဝေလွင်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment