ရုံပြိုင်ပြသမှု စနစ်ကို သုံးသပ် ပြောကြားလိုက်တဲ့ ခန့်စည်သူ


ရုံပြိုင်ပြသမှု စနစ်တွေ လည်း ရှိလာတော့မှာဖြစ်တဲ့ အတွက် ဇာတ်ကားတွေ ကို အရင်ထက် အာရုံစူးစိုက်ပြီး ရိုက်ကူးရ မှာဖြစ်သလို ကိုယ့်ဇာတ်ကား မကောင်းရင် ကိုယ်ပဲ ခံရမှာ ဖြစ်တဲ့ အတွက် အခုနောက်ပိုင်းမှာ အရင်ထက်ပိုပြီး ကြိုးစား အားထုတ်မှုတွေ ပိုလုပ်ရမယ်လို့ အကယ်ဒမီ ခန့်စည်သူက ဆိုပါတယ်။
”အစ်ကို ကတော့ အခုနောက် ပိုင်းမှာ များသောအားဖြင့် စတိုင်ရာလေးတွေ ရိုက်တာများတယ်။ စတိုင်ရာ ဆိုတာကတော့ ပါစင်နယ်ကို မရည်ရွယ်ပါဘူး။  Idea ကိုပဲ ဦးစားပေး ပါတယ်။ တစ်ခုခု ဆိုရင် နိုင်ငံရေး နဲ့ပတ်သက်တဲ့ ပြက်လုံးတွေ၊ စတိုင်ရာတွေ ထုတ်တယ် ဆိုရင်လည်း လူတစ်ဦး တစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေး Personal  ကို မထိခိုက်စေဘဲ နဲ့ သူပြောခဲ့တဲ့ စကားတွေ အပေါ်မှာ တိုင်းသူပြည်သားတွေ က ဘယ်လိုပြန်ပြီး Response ပေးလဲ၊ အဲဒီ Response ပေါ်မှာပဲ ကိုယ်က စတိုင်ရာ လုပ်တာပါ။ ဇာတ်ကလည်း တော်တော်များများ ကိုပြောင်းလဲမှ ပဲဖြစ်တော့မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်ပိုင်း ဆိုရင် ရုံပြသရေး စနစ်ကလည်း Aရုံ၊ Bရုံ ဖြစ်လာ ပြီလေ။ အဲဒီတော့ ကိုယ်မကောင်းရင် ကိုယ်ပဲခံရမှာလေ။ အရင်ကလို တစ်ကားပြီးမှ တစ်ကား မဟုတ်တော့ သူလည်း သူ့ကားကောင်းရင် သူ့ရုံမှာ လူအုံနေမှာပဲ။ ဒီဇာတ် ကားကောင်း ရင် ဒီဘက်ရုံမှာ လူအုံနေမှာပဲလေ။ ဒါကြောင့် တော်တော်ကို စဉ်းစား ချင့်ချိန်ပြီးတော့ ရိုက်မှပဲဖြစ်တော့မယ့် အနေအထား ဖြစ်လာပြီ။ ရုပ်ရှင် ရိုက်တာ များ လာ တာတွေက လောက အတွက်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ့်အပေါ် ပဲမူတည်သွားတာပေါ့ မကောင်းလည်း ကိုယ်ခံ ၊ကောင်းလည်း ကိုယ်စံရမှာပဲ။ အဲဒါကြောင့် ပြောရမယ် ဆိုရင် ပြင်ဆင်ရမယ် ၊စာတွေများများ ဖတ်ဖို့လိုလာပြီ”လို့ ပြောပါတယ်။
ပရိသတ် လက်ခံအောင် ကြိုးစားတတ်ဖို့က အရေးကြီးတယ် လို့ ပြောတဲ့ ခန့်စည်သူ က ”အနုပညာ ပျိုးခင်း- ၂ ကိုလည်း အစ်ကိုတို့ ဇာတ်ကားတွေ ရိုက်ပေးတယ်။ ဒါပေမဲ့ သူတို့ ဇာတ်ကားလေးတွေ က မထွက်သေးဘူး။ စက်တင်ဘာ၊ အောက်တိုဘာလတွေ လောက်ဆိုရင် တော့ သူတို့ ဇာတ်ကားတွေ ထွက်လာပါ လိမ့်မယ်။ အဲဒီအချိန် ကျရင် ပရိသတ်က ဆုံးဖြတ်ပေးပါလိမ့်မယ်။ သူတို့တွေက နည်းနည်း လိုတော့ လိုသေးတယ်။ ပျိုးခင်း- ၁ကတောင်မှ အားလုံးက ကိုယ်တွေ နဲ့ရိုက်ဖြစ်တဲ့ အခါကျ ရင် ပြောဖြစ်တယ်။ အကြံပေးသင့်တာ တွေပေးတယ်။ အခု ဒီကလေးတွေ ဆိုတော့ သူတို့ထက် ပိုပြီးပြောရတာပေါ့။ အခွင့်အရေး ကို ဆုပ်ကိုင်နိုင် ဖို့က အရေးကြီးတယ်။ အခွင့် အရေး ဆိုတာက ခဏခဏ မလာဘူးလေ။ ရောက်လာတဲ့ အခိုက်အတန့်မှာ ကိုယ်ဘယ်လို တန်အောင် အသုံးချမလဲ၊ ကိုယ့်ပရိသတ် ကလက်ခံနိုင်အောင် ကိုယ် ဘယ်လို အားထုတ်ရမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်”လို့ ပြောပါ တယ်။
 လွင်လွင်ထွန်း
၊ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment