ပျော်စရာများနဲ့ အောင်မြင်ခဲ့တဲ့ အိမ့်ချစ် ရဲ့ သြစတြေးလျ ခရီးစဉ်


သြစတြေးလျနိုင်ငံ ကို ဇော်ဝင်းထွဋ်တို့ Emperor Band နဲ့ အတူ မေလ ၁၈ ရက်ကစပြီး ရက် ၂ဝ နီးပါး ဖျော်ဖြေရေး ခရီးသွားနေတဲ့ အိမ့်ချစ်က ဇွန်လ ၅ ရက် နေ့ မှာ ပြန်လည်ရောက်ရှိခဲ့ပြီး သြစတြေးလျမှာ ဖျော်ဖြေခဲ့တဲ့ ၂ ပွဲလုံးကတော့ အောင် မြင်တဲ့ ပွဲတွေဖြစ်ခဲ့တယ် လို့လည်း အိမ့်ချစ် ကပြောပြပါတယ်။
“များသောအားဖြင့် နိုင်ငံခြားပွဲဆို လူနည်းတာ များတယ်။ ဒါပေမဲ့  ဒီပွဲက လူများတဲ့ ပွဲလို့ ပြောလို့ရပါတယ်။ အလှူပွဲလည်း ဖြစ်တာကြောင့် ပရိသတ်တွေ က လည်း ပံ့ပိုးတဲ့ အနေနဲ့ လာအားပေးကြတယ်။ ပွဲချိန် ၅ နာရီမှာ အိမ့်ချစ် နဲ့ ဦးညီထွဋ် ၂ ယောက်တည်း ဆိုတယ်။ အိမ့်ချစ်က ၂ နာရီလောက် တာဝန်ယူပြီး ဆိုတယ်။ ဦးညီထွဋ်က ၃ နာရီ လောက် ဆိုတယ်။ ပွဲက ၇ ပွဲ၊ ဆစ်ဒနီ မှာ တစ်ပွဲ၊ ပါ့သ် မြို့မှာတစ်ပွဲ၊ အဲဒီက ရတဲ့အမြတ်အစွန်း အလှူငွေတွေကို ရန်ကုန်က မသန်စွမ်း ရှေ့ဆောင် လူငယ်အဖွဲ့ ကို လှူခဲ့တယ်” လို့ အိမ့်ချစ်ကပြောပါတယ်။
“အိမ့်ချစ် ကံကောင်းတာ တစ်ခုက အိမ့်ချစ်က ပြန်ဆိုတေး တော်တော်များများ ဆိုထားဖူးတာ ရှိတော့ အဲဒီ သီချင်းတွေ ဆိုတယ်။ ညီမကိုယ်ပိုင် သီချင်းလေး တွေလည်း ဆို တယ်။ ပြီးတော့ အဖေ့ သီချင်းတွေလည်း ဆိုတယ်။ ပွဲလည်း မပျင်းရအောင်ပေါ့။ အဲဒီလို သီချင်းလေးတွေ မျှဆိုပါတယ်”
ဒီတစ်ခေါက် သြစတြေးလျ ခရီးစဉ်ကတော့ ကိုယ့်ထက် ကြီးတဲ့သူတွေနဲ့ သွားရ တာဖြစ်ပြီး အားလုံး ကလည်း နွေးနွေးထွေးထွေး ဆက်ဆံကြတဲ့ အတွက် စိတ်ညစ်စရာ မရှိဘဲ ပျော်စရာ အတိနဲ့ ခရီးစဉ်ဖြစ်ခဲ့တယ် လို့လည်း သိရပါတယ်။ အိမ့်ချစ်က ဖခင်ဖြစ်သူ ဦးချစ်ကောင်း နဲ့အတူ နှစ်ယောက်တွဲ ဖျော်ဖြေပွဲ ပြုလုပ်ဖို့ စီစဉ်ထားပြီး စီစဉ်ဆဲ ပဲမို့ ရက် အတိအကျတော့ ပြောလို့မရသေးဘူး လို့လည်း ပြောပါတယ်။ အိမ့်ချစ်က လတ်တလော မှာတော့ Coca Cola နဲ့အတူ နယ် အနှံ့ကို Music Tour တွေ ဆက်တိုက် သွားဖြစ်နေတယ် လို့လည်း သိရပါတယ်။
ရဲရဲ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment