ဒုတိယ တစ်ကိုယ်တော် အခွေကို ပိုကောင်းအောင် ကြိုးစားထားတဲ့ မိုးယံဇွန်

လောလောဆယ်မှာ Sky Net  ရုပ်သံ အတွက် ဇာတ်လမ်းတွဲ ရိုက်ကူးနေတဲ့ သရုပ်ဆောင်၊ အဆိုတော် မိုးယံဇွန် က သူ့ရဲ့ ဒုတိယ Single အယ်လ်ဘမ် အတွက် အမ်တီဗီ ရိုက်ကူးနေပြီ လို့ ပြောပါတယ်။ အဲဒါတွေ နဲ့ပတ်သက်ပြီး မိုးယံဇွန်က ”အခု ဒုတိယ တစ်ကိုယ်တော် အခွေကို ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ အမ်တီဗီလည်း ရိုက်ကူး နေပါပြီ။ သီတင်းကျွတ် အပြီးလောက်မှာ ထွက်နိုင်ဖို့ ခန့်မှန်းထားပါတယ်။ ပထမအခွေတုန်း ကတော့ မိုးယံဇွန်ဆိုတာ ဘယ်သူ ဘယ်ဝါမှန်း မသိခင်တုန်း က လုပ်ခဲ့တာပေါ့။ အခုအချိန်မှာ ပရိသတ်က မိုးယံဇွန်ဆိုတာ ဘယ်လိုလူမျိုးလဲ ဆိုတာကို မျက်မှန်း တန်းမိနေပြီ၊ သတိထားမိနေကြပြီ၊ ဒီတော့ ဒုတိယအခွေ ကို ပထမ အခွေ ထက်ပိုကောင်းအောင်၊ ပရိသတ် အသိအမှတ်ပြုအောင်၊ ကွဲပြားအောင် ကြိုးစား အားထုတ်ထားပါတယ်” လို့ ပြောပါတယ်။
ဗီဒီယိုလောက ပျက်စီးနေတာကို လောကသားများ ဆီကနေတစ်ဆင့် ကြားသိနေရကြောင်း ပြောတဲ့ မိုးယံဇွန်က ”ခေတ်မကောင်းဘူး။ စီးပွားပျက်တယ်၊ စတာတွေ အများ ကြီးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ရှေ့မှာ စီနီယာအစ်ကိုကြီးတွေ အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး မှာဆိုလည်း ဖွဲ့စည်းပုံအသစ်တွေနဲ့ ဦးဆောင်မယ့် သူ အများကြီး ရှိနေတယ်။ အဲဒီတော့ သူတို့ ဘယ်လို ဦးဆောင်မလဲ၊ ဘယ်လို Plan  ချမလဲပေါ့။ သူတို့ ချမှတ်တဲ့ လမ်းစဉ်၊ လမ်းကြောင်းပေါ် မှာပဲ ကျွန်တော် တို့က နောက် ကနေ လိုက်လျှောက်ရမှာပါ။ သူတို့ လုပ်ဆောင်ချက်တွေကိုပဲ စောင့်ကြည့်ရမှာပါ” လို့လည်းပြောပါတယ်။
 ဘောလုံးကို ချစ်မြတ်နိုးတဲ့ အတွက် ကိုယ်တိုင်လည်း ဘောလုံး ကန်ဖြစ်တဲ့ မိုးယံဇွန်က ”ကျွန်တော်တို့ ကစားသမားတွေက စိတ်ဓာတ်တော့ တော်တော် ကောင်းပါတယ်။ ဒါပေမဲ့ တစ်ခု ရှိတာက တစ်ဖက် နိုင်ငံတွေက လူတွေ နဲ့ယှဉ်လိုက်ရင် လူကောင် မတရားသေးနေတယ်။ ဒါဟာ ကျွန်တော် တို့ရဲ့ အားနည်းချက်ပါပဲ။ ဘယ်လောက်တော်တော်၊ ဘယ်လောက် ကြိုးစားကြိုးစား တစ်ဖက် အသင်း က တစ်ဆလောက် အားထည့်ပြီး ကြိုးစားရင် ကျွန်တော်တို့ မြန်မာ အသင်းက သုံး ဆလောက် အားထည့်ပြီး ကြိုးစားနေကြ ရတယ်။ ပြီးတော့ ၁၁ ယောက်ရဲ့ နေရာမှာ ထည့်ပြီး ကစားဖို့ နောက်ထပ် ကစားသမားကောင်းတွေ မရှိဘူး။ သူများနိုင်ငံတွေ မှာတော့ ဒီကစားသမား မရှိရင်လည်း ရတယ်။ အစားထိုးလိုက် ရုံပဲ။ ကျွန်တော်တို့ ဆီမှာ အားနည်းချက်တွေ အများကြီး ရှိပါတယ်။ ပြိုင်ပွဲအလိုက် တအား သိသာတယ်။ အခုဆိုရင် U- 16, U- 20  တို့တွေပေါ်လာပြီ။ အများကြီး မြေတောင် မြှောက်ပေးဖို့ လိုလာပြီ။ မြန်မာဘောလုံး အားကစား ကို ကမ္ဘာကစောင့် ကြည့်လာ ရတော့မှာ ပါ” လို့လည်း မိုးယံဇွန် ကပြောပါတယ်။
Mဘွယ်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment