မိကျောင်း ကျောပေါ် လမ်းကြုံ လိုက်လာတဲ့ ရက်ကွန်းဝက်ဝံ


(ဖလော်ရီဒါ၊  ဇွန် ၁၅)
ပြီးခဲ့သည့် တနင်္ဂနွေနေ့က အ မေရိကန် ဖလော်ရီဒါပြည်နယ်ရှိ အိုကာလာ အမျိုးသား သစ်တော ဥယျာဉ် အတွင်း မိကျောင်းတစ် ကောင်၏ ကျောပေါ်၌ လမ်းကြုံ လိုက်စီး လာဟန် ရှိသည့် ရက်ကွန်း ဝက်ဝံလေး တစ်ကောင်အား ဓာတ် ပုံသမား တစ်ဦးက တွေ့မြင်ခဲ့ရာ အဆိုပါ ချစ်စဖွယ် မြင်ကွင်းကို ၄င်း က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ သည်။
”ကျွန်တော့် အတွက် အံ့အား သင့်စရာ နံနက်ခင်းလေး တစ်ခုကို အံ့အားသင့်စရာ မြင်ကွင်းတစ်ခု နဲ့ အတူ ပိုင်ဆိုင် လိုက်ရတယ်လို့ ဆို ရမှာပါ” ဟု အဆိုပါ ဥယျာဉ် အတွင်း သို့ မိသားစုနှင့် အတူ အပန်းဖြေရန် လာရောက်ရင်း ယင်းမြင်ကွင်း ကို မှတ်တမ်းတင်ခဲ့သည့် ရစ်ချတ်ဂျုန်း က ပြောကြားခဲ့သည်။
ဂျုန်းတို့ မိသားစုသည် ဥေု-ူတေေ့ေ မြစ်ကမ်းဘေး တစ်လျှောက် အပျင်းပြေ လမ်းလျှောက်ရင်း မြစ်ထဲရှိ မိကျောင်းများ ရေပြင်ပေါ်တက် လာသည်ကို ကြည့်ရှုရန် စောင့် စားနေ ကြစဉ် ရက်ကွန်း ဝက်ဝံတစ် ကောင်က မိကျောင်း၏ ကျောပေါ် တွင် ထိုင်လျက် လမ်းကြုံ စီးနင်း လိုက်ပါလာသည်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။
ဂျုန်းတို့ မိသားစုလည်း ယင်း မြင်ကွင်းကို လက်လွတ်မခံဘဲ အ ဆက်မပြတ် လိုက်ပါ ကြည့်ရှုခဲ့ရာ မိကျောင်းမှာ ရေစီး တစ်လျှောက် လျှောတိုက် သွားရင်းမှ တစ်နေရာ အရောက် တွင် ရက်ကွန်းဝက်ဝံ လေးသည် မိကျောင်း ကျောပေါ်မှ ခုန်ဆင်းကာ တောတွင်းသို့ ဝင် ရောက်ပျောက်ကွယ် သွားခဲ့သည် ဟု ဆိုသည်။
Ref: Dailymail
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment