မိသားစု လုပ်ငန်း ဆက်မလုပ်ဘဲ အနုပညာ စီးပွားရေး လုပ်ကိုင်သူ အောင်မြတ်သူ


အနုပညာ နဲ့ဆက်နွှယ်နေတဲ့ စီးပွားရေး လောကကို ရွေးချယ်ခဲ့တဲ့ အဓိက အကြောင်းကို သိချင်ပါတယ်။
ဒီလုပ်ငန်း မစတင်ခင်မှာ ကျောင်းပြီးတော့ မိသားစု ကုမ္ပဏီမှာ ဝင်လုပ်သေးတယ်။ ဒါပေမဲ့ ကျွန်တော် လုပ်ချင်တာ ကိုပဲ ရွေး ချယ်ခဲ့တယ်။ ကျွန်တော် အသက်၂၇ နှစ်မှာ ဒီ စီးပွားရေး ကို စတင် တည်ထောင်ခဲ့တယ်။ ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေး စဖြစ်တဲ့ အချိန်ကာလပေါ့။ အခက်အခဲတွေ အမျိုး မျိုး ကြုံခဲ့တယ်။ ဆိုင်အတွက် ပစ္စည်း လိုအပ် လို့ မကြောက်မလန့်ဘဲ သွားဝယ်တဲ့ အဲဒီအချိန်မှာ သေနတ်သံ ကြားလို့ ခြေဦး တည့်ရာပြေးပြီး အိမ်လည်းပြန်လာခဲ့ဖူး တယ်။ ဒါ ကျွန်တော် စီးပွားရေး စလုပ်တဲ့ ပထမ ဆုံး တွေ့ကြုံမှုပဲ။ အနုပညာ ဆိုတာ အမျိုးသမီးလိုပဲ နူးညံ့သိမ်မွေ့တယ်လေ။ ဒီအလုပ်က ယောက်ျား တစ်ယောက် အမူ အကျင့်လို Do Or Die ထလုပ်လို့ မရဘူး။ စိတ်ရှည် ရတယ် သည်းခံရတယ်။ ကိုယ့် အတွင်းစိတ် ကို အများကြီး ပြုပြင်ရတယ်။ ကျွန်တော်ဆို ယောက်ျားလေး၊ တစ်ခုခုဆို ဒေါသ ထွက်တယ်။ ဒါပေမဲ့ ဒီ အ လုပ်ကြောင့် စိတ်ရှည် သည်းခံ တတ်လာတယ်။
မိသားစုလုပ်ငန်းမှာ ဆက်မလုပ်ဘဲ ဒီ လုပ်ငန်းကိုမှ ဘာကြောင့်လုပ်ချင်ခဲ့တာလဲ။
မိသားစု စီးပွားရေး မလုပ်ဘဲ  ကိုယ်ပိုင် စီးပွားရေး လုပ်ချင်တာ။ ကျွန်တော် ခံယူချက် က သူဌေးသား မဖြစ်ချင်ဘူး သူဌေးပဲဖြစ် ချင်တယ်။ စစ်သား လုံးဝ မဖြစ်ချင်ဘူး။ စစ်ဗိုလ် ပဲ ဖြစ်ချင်တာ။ ဒါကြောင့် စစ်ဗိုလ် ဖြစ်အောင်၊ သူဌေးဖြစ်အောင် ကြိုးစားခဲ့ တယ်။ ကျွန်တော် မိသားစု လုပ်ငန်း မှာနေရင် အခုနေတဲ့ ပံ့ပိုးမှုထက် ပိုရင်ပိုမယ်။ ဒါပေမဲ့ ကိုယ်တိုင် ဦးဆောင်ပြီး လုပ်ရတာ ကို ကြိုက် တယ်။
အေရိုးမား အနေနဲ့ အခုလုပ်ငန်း အပြင် အနု ပညာနဲ့ပတ်သက်ပြီး ထုတ်လုပ်ရေး ဖြန့်ချိ ရေးပိုင်းမှာ လုပ်ဖို့ရှိလား။
ကျွန်တော်တို့ အေရိုးမား အနေနဲ့ အလှ ဖန်တီးမှု ဓာတ်ပုံ မင်္ဂလာဆောင် စတဲ့ လုပ်ငန်း အပြင် အားပေးတဲ့သူတွေ ကို အသစ် အဆန်း တစ်ခုလုပ်ပြချင်တာ နဲ့ ကိုစိန်လင်း က သူသီချင်း ဆိုတာ ဝါသနာပါတာနဲ့ အခွေ တစ်ခွေ စီစဉ်ဖြစ်သွားတယ်။ ကျွန် တော့် အနေနဲ့ အခွေတစ်ခွေ စီစဉ်ပေးဖို့ ဇာတ်ကား တစ်ကား ရိုက်ဖို့ မခက်ခဲတော့ ဘူး။ ရှစ်ဆယ် ရာခိုင်နှုန်းက အဆင်သင့် ဖြစ်နေပြီ။ အဲဒီတော့ အခု ကိုစိန်လင်း ပေါက်နေပြီ ကို စပြီးတော့ လုပ်တယ်။ အလားတူပဲ နောက်ထပ် မျိုးဆက်သစ်တွေ ကို မွေးထုတ် ဖို့ စိတ်ကူး ရှိတယ်။ ဒါပေမဲ့ နိုင်ငံခြားလို ဒီလူငယ်ဟာ ဒီကုမ္ပဏီ ရဲ့ ထိန်းချုပ်မှုအောက်မှာ ဒီကုမ္ပဏီရဲ့ ညွှန် ကြားမှုအောက် မှာ နေထိုင်နိုင်တဲ့ခေတ် ရောက်လာရင် ကျွန်တော် လုပ်ဖို့ အဆင် သင့်ပါပဲ။ အခုက လူငယ်တော်တော်များ များက ကိုယ့်ပါးစပ်က စကားတစ်လုံး ကိုယ့် လက်ရေးတစ်ခု ကိုယ့်လက်မှတ် တစ်ခုကို တန်ဖိုး ထားတဲ့ လူ အရမ်း ရှားပါသေးတယ်။
ထူးထူးတွေ့ဆုံမေးမြန်းသည်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment