မင်းအုပ်စိုးကို ငွေကိုရေလိုသုံးနိုင်သည့် ဌာနမှလူက ကူညီနေသည်ဟု သတင်းရသဖြင့် မျက်နှာလာပြခြင်းဖြစ်ကြောင်း တရားရုံးသို့ ဦးလှဆွေ မျက်နှာလာပြခြင်းဖြစ်ဟုဆို

သရပါမဂ္ဂဇင်း မှ လက်ထောက်အယ်ဒီတာ ဖြစ်သူ မတေးနုယဉ်အ သတ်ခံရမှုတွင် လူသတ် တရားခံအဖြစ်စွဲချက်တင်ခံထားရသည့် ရုပ်ရှင်သရုပ်ဆောင်နှင့်ဒါရိုက်တာ မင်းအုပ်စိုး သည် ငွေကိုရေလိုသုံးနိုင်သည့် ဌာနက လူနှင့်ပတ်သက်နေသည်ဟု သတင်းရသဖြင့် တရားရုံးသို့ မျက်နှာ လာပြရခြင်းဖြစ်ကြောင်း ဂန့်ဂေါ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကဆိုသည်။

ဇူလိုင်လ၁ရက်နေ့က၇န်ကုန် အနောက်ပိုင်းခရိုင် တရားရုံးတွင်ချိန်းဆိုထား သည့် မင်းအုပ်စိုး၏ တရားရုံးချိန်းသို့ လာရောက်ခဲ့သည့် လွှတ်တော် အမတ်ဦးလှဆွေ ကထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

သရပါမဂ္ဂဇင်း မှ လက်ထောက်အယ်ဒီတာ ဖြစ်သူ မတေးနုယဉ်အသတ်ခံရမှု သည် အမှန် အတိုင်းဖြစ်ရန် လိုအပ် ကြောင်း တရားခံဟု စွပ်စွဲခံရသည့် ပုဂ္ဂိုလ်၏ တရားရုံးတွင် ထွက်ဆို ချက်များကိုကြည့်ရ သည်မှာ နောင်တရ ပုံမပေါ်သည်ကိုတွေ့ရသည်ဟု မင်းအုပ်စိုး၏ ဇူလိုင် ၁ ရက်ရုံးချိန်း သို့လာရောက်ခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က ပြောသည်။

“နောင်တရတဲ့ပုံ မပေါ်ဘူး ဗျ အဲဒါတော်တော်စိတ်မကောင်းစရာပဲ သူလုပ်တာ မှန်တယ်လို့သူက ထင်နေ တာ နောက်ဟိုကောင်မလေး က နိုင်လွန်ဝေဖာနဲ့လုပ် ထားလို့ ကောင်မလေးရဲ့အပြစ်” ဟု ဦးလှဆွေကပြောသည်။

ယခုကိစ္စကို ဥပဒေဘာင်အတွင်း ဥပဒေအတိုင်း အမှန်အတိုင်းဖြစ်ဖို့ရန် လာရောက်ခြင်းဖြစ်ပြီး ၊ အမှန်တိုင်းဆုံးဖြတ်လိမ့်မည်ဟုယုံကြည်သည် တရားကို နတ်စောင့်သည်ဟုလည်း ၎င်းကဆက်လက်ပြောသည်။

“သူဟာသာမန် စိတ်ကူးစိတ်သန်းရှိတဲ့ သူတစ်ယောက် မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ် မကြာခဏပြစ်မှု ကျူးလွန်တက်သူတစ်ယောက်လို့ကျွန်တော်မြင်တယ်”ဟု မင်းအုပ်စိုးအပေါ် ၎င်း၏ အမြင်ကိုလည်း ပြောသည်။

ထို့အတူ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးနှင့် ပတ်သက်နေသည်ဟု သတင်းများ ထွက်ပေါ်နေမှုကိုလည်းဦးလှဆွေက “လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ် တစ်ယောက်ရဲ့ ပတ်သက်နေတဲ့ တစ်ယောက် ကကူညီနေတယ်လို့ ကျွန်တော်ကြားတယ် ဒါကတော့ ကောလာဟလလား တကယ်လားတော့ ကျွန်တော်လဲ မသိဘူး အဲဒါကိုတော့ ကျွန်တော်လဲကြားတယ် ငွေကိုရေလိုသုံးနိုင်တဲ့ဌာန ကလို့သိရတယ် ဒါကြောင့်မိုလို့ ကျွန်တော်မျက်နှာလာပြတာ ကျွန်တော် တို့က တော့ ငွေမရှိဘူး မျက်နှာပဲရှိတယ်” ဟု ဦးလှဆွေကပြောသည်။

“ယောလူငယ်ကွန်ယက်က သတင်းပေးတယ် သူကကျွန်တော့် ကိုအမြဲတမ်းပြောပြတယ် ဒီက အခြေအနေက အရင်တစ်ခါတုန်း ကလည်းလွှတ်ဖူးတယ် တဲ့ အရင်တစ်ခါတုန်း ကလည်း ဘာမှမဟုတ်ဘဲနဲ့ နဲနဲပါးပါးပဲအပြစ်ပေးခံရတယ် ဒီတစ်ခါလည်း လွတ်မလား မသိဘူးတဲ့ သူ့နောက်က ပါဝါကြီးကြီး ပုဂ္ဂိုလ်ရှိတယ်တဲ့ အဲလိုပတ်သက်နေတယ်တဲ့ သဲသဲလှုပ် ပတ်သက်နေတယ်တဲ့ ဘာညာ အဲလိုပြောတော့ ငါသွား နားထောင်ပေးမယ် လို့ပြောလိုက်တယ်”ဟု ဦးလှဆွေကဆိုသည်။

သရုပ်ဆောင်မင်းအုပ်စိုးသည် ၂၀၁၄ နိုဝင်ဘာ ၁၆ ရက် ညက ပြုလုပ်သော အဆိုတော် စိုးပိုင်၏ အသက်(၇၀)ပြည့် ဖျော်ဖြေပွဲတွင် ပရိသတ်အဖြစ် လာရောက်ခဲ့သော မင်းအုပ်စိုး၏ အပြုအမူများကြောင့် အခြားပရိသတ်များ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်။

၂၀၁၃ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၎င်းနေထိုင်သော ဖိုးစိန်လမ်းရှိ အမှိုက်ပုံကို မီးရှို့ခဲ့ပြီး လမ်းမတွင် ရမ်းကားကာ ယာဉ်ကြော ပိတ်ဆို့အောင် ပြုလုပ်ခဲ့သည်။ အမှိုက်ပုံ မီးရှို့သောကြောင့် လာရောက် မီးငြှိမ်းသတ်သော မီးသတ်တပ်ဖွဲ့ဝင်များအား ဆဲဆိုခဲ့ပြီး ရဲတပ်ဖွဲ့မှ ကားတစ်စီးကို ဖျက်ဆီးခဲ့သော်လည်း ထောင်ဒဏ်သုံး လနှင့် ဒဏ်ငွေ ကျပ်ခြောက်သိန်း သာချမှတ်ခံခဲ့ရသည်။

၂၀၁၁ ဒီဇင်ဘာ ၇ ရက်တွင် ဖိုးစိန်လမ်းရှိ လုံခြုံရေးဝန်ထမ်း နှစ်ဦးနှင့် ခိုက်ရန်ဖြစ်ပွား ခဲ့သည်။ ၂၀၁၂ တွင် နေပြည်တော်၌ ကျင်းပသော အကယ်ဒမီပေးပွဲတွင်လည်း အခြားသူများ အနှောင့်အယှက်ဖြစ်အောင် ပြုမူခဲ့သည်။ ၂၀၀၅ တွင် သန်လျင်မြို့၊ ညောင်သုံးပင်ရပ်ကွက်ရှိ သမကောလိပ်ကျောင်းလမ်း၌ ၎င်းရိုက်ကွင်းသို့ လာရောက်ကြည့်ရှုသော လူငယ်များနှင့် စကားများကာ ဓားဖြင့် လိုက်လံခုတ်သောကြောင့် လူငယ်နှ စ်ဦး ဒဏ်ရာရရှိခဲ့သည်။

ယခုအမှု၏ နောက်တစ်ကြိမ် ရုံးချိန်းကို အမှုအား ဇူလိုင် ၈ ရက် သို့ထပ်မံ ချိန်းဆို ထားသည်။

သတင်းနှင့် ဓာတ်ပုံ – ဇော်မင်းထွန်း

The Ladies News Journal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment