ကေကေအိုအဖွဲ့ ကျော်သက်နှင့် စောဆန်းအောင် ဦးစီးအဖွဲ့ထံမှ လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ


နေပြည်တော် ဇူလိုင် ၁၉

ကော့ကရိတ်မြို့နယ် ကောင်းမူ ကျေးရွာ၏ အရှေ့ဘက်နှင့် အရှေ့ မြောက်ဘက်ရှိ တောင်ကုန်းများတွင် ကေကေအိုအဖွဲ့မှ ကျော်သက်နှင့် စောဆန်းအောင် ဦးစီးအဖွဲ့ ကြွင်းကျန်များ ခိုအောင်းမှု မရှိ စေရေးအတွက် တပ်မတော်နှင့် နယ်ခြားစောင့်တပ် (BGF) တို့က နယ်မြေရှင်းလင်းလျက်ရှိရာ ဇူလိုင် ၁၅ ရက်မှ ၁၇ရက်ထိ ၎င်းအဖွဲ့ များဖြင့် ထိတွေ့တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၎င်းတို့ထံမှ လက်နက် မျိုးစုံ လေးလက်၊ ဗုံးသီးမျိုးစုံ ၂၆ လုံး၊ မိုင်းမျိုးစုံ ၃၂ လုံး၊ ကျည်မျိုးစုံ ၃၈၈၆ တောင့် ကျည်အိမ်မျိုးစုံ ၈၁ ခု၊ ဆန် ၄၄ အိတ်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း များ၊ မော်တော်ဆိုင်ကယ်တစ်စီးတို့ အား သိမ်းဆည်းရမိသည်။

ထို့အပြင် ကျိုက်မရောမြို့နယ် ကျွန်းရွာအနောက်ရပ်ကွက်ရှိ နေအိမ် တွင် ကျော်သက်၊ စောဆန်းအောင် အဖွဲ့နှင့် အဆက်အသွယ်ပြုလုပ်၍ လက်နက်၊ ခဲယမ်းများ ထိန်းသိမ်း ထားကြောင်း သတင်းအရ ဇူလိုင် ၁၅ ရက်တွင် သွားရောက်စစ်ဆေးရှာဖွေ ရာ အဆိုပါနေအိမ်မှ လက်နက်မျိုးစုံ လေးလက်၊ ကျည်မျိုးစုံ ၃၂ တောင့်၊ လမ်းလျှောက်စကားပြောစက်တစ်လုံး နှင့် လိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စီး တို့အား ထပ်မံသိမ်းဆည်းရမိသည်။

ဆက်လက်၍ တပ်မတော်နှင့် နယ်ခြားစောင့်တပ် (BGF) တို့က ဇူလိုင် ၁၈ ရက်တွင် ကောင်းမူကျေးရွာ ၏အရှေ့ဘက်နှင့် အရှေ့မြောက်ဘက် ပတ်ဝန်းကျင်အား ဆက်လက် ရှင်းလင်းစဉ် ဗုံးသီးမျိုးစုံ ၆၆ လုံး၊ ဆက်သွယ်ရေး တာဝါတိုင်တစ်ခု၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြား ငါးချပ်နှင့် အကျယ် ၁၅ ပေ ပတ်လည်၊ အမြင့် ၁၈ ပေရှိ အဆောက် အအုံအတွင်းမှ သေနတ်မျိုးစုံ ခုနစ်လက်၊ ကျည်အိမ်မျိုးစုံ ၁၃ ခု၊ မိုင်းမျိုးစုံ ၁၈ လုံး၊ အာရ်ပီဂျီဗုံးသီး နှစ်လုံး၊ ၇ ဒသမ ၆၂ ကျည် အတောင့် ၁၈ဝ နှင့် ဆန်အိတ် ၇ဝ တို့အား ထပ်မံသိမ်းဆည်းရမိသည်။

တပ်မတော်နှင့် နယ်ခြား စောင့်တပ် (BGF)တို့က ကော့ ကရိတ်မြို့နယ်အတွင်း နယ်မြေလုံခြုံ ရေးအတွက် ဆက်လက်ရှင်းလင်း လျက်ရှိကြောင်း သတင်းရရှိ သည်။

(မြဝတီ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment