အီရန် နိုင်ငံ အနေနဲ့ နျူကလီယာ လက်နက် မပိုင်ဆိုင် နိုင်ဖို့ ရည်ရွယ် ချုပ်ဆို ခဲ့တဲ့ နိုင်ငံတကာ သဘောတူ ညီ မှု ကို အမေရိကန် ကွန်ဂရက်စ် လွှတ်တော် ကို အိုဘားမား အစိုးရ က တင်သွင်း လိုက် ပါတယ်။
အဲဒီ့ စာချုပ် ပါအသေးစိတ် အချက်အလက် တွေ ကို စမ်းစစ် ဖို့ ကွန်ဂရက်စ် မှာ ရက် ပေါင်း ၆၀ အချိန် ရပါတယ်။
ပြီးရင်တော့ အီရန် ရဲ့ နျူကလီယာ အစီအစဉ် ကို ပိုပို တင်းတင်းကြပ်ကြပ် စောင့်ကြည့် ထိန်းချုပ် နိုင်ဖို့ အတွက် သဘောတူ ထား ခဲ့ သလို အီရန် အပေါ် ချမှတ် ထားတဲ့ စီးပွားရေး ကန့်သတ် မှု တွေ ကို ဖြေလျှော့ ပေးဖို့ ကွန်ဂရက်စ် လွှတ် တော် က အတည်ပြု ပေး ရမှာ ဖြစ် ပါတယ်။
ဒီ အချိန် မှာပဲ၊ ဂျာမနီ ရဲ့ စီးပွားရေး ဝန်ကြီး ဆစ်ဂ်မာ ဂေဘရီရယ်လ် ဦးဆောင် တဲ့ အဖွဲ့ ဟာ အီရန် နိုင်ငံ မြို့တော် တဟီရန် ကို ဆိုက် ရောက် လာ ပါတယ်။
အီရန် နျူကလီယာ အရေး နဲ့ ပတ်သက်ပြီး နိုင်ငံတကာ သဘောတူ မှု ကို ပြီးခဲ့တဲ့ သီတင်း ပတ် တုန်း က ရရှိခဲ့ပြီး နောက် အီရန် ကို ဥရောပ ဝန်ကြီး တစ်ဦး ပထမ ဆုံး ရောက် ရှိလာတာ ဖြစ်ပါတယ်။
မစ္စတာ ဂေဘရီရယ်လ် ဟာ အီရန် သမ္မတ ဟာဆန်း ရူဟာနီ အပါအဝင် တခြား ခေါင်းဆောင် တွေ နဲ့ တွေ့ဆုံ ဖို့ ရှိပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
0 comments:
Post a Comment