ဂျိုဟန်နစ္စဘတ်မြို့ ရထားတိုက်မှု ၂၀၀ ကျော် ဒဏ်ရာရ


ဂျိုဟန်နစ္စဘတ် ဇူလိုင် ၁၈

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စ ဘတ်မြို့တွင် သောကြာနေ့ညပိုင်းက ရထားတိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အနည်း ဆုံးလူ ၂ဝဝကျော် ထိခိုက်ဒဏ်ရာရရှိသွား ကြောင်း အာဏာပိုင်များက ပြောသည်။

အဆိုပါရထားတိုက်မှုသည် ယင်းမြို့ ဘွန်ဆင်းဘူတာအနီး၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လောလောဆယ်သေပျောက်မှု မရှိသေးကြောင်း ပုဂ္ဂလိကအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ နက်ကဲက ပြော သည်။

ဒဏ်ရာရသူအရေအတွက်သည် ၂၅ဝ ခန့်ရှိကြောင်း၊ ဒဏ်ရာရသူအချို့သည် ရထားတွဲအပျက်အစီးများအတွင်း ပိတ်မိ နေဆဲဖြစ်ပြီး ဒဏ်ရာရသူများ ပိုမို တိုးလာနိုင်ကြောင်း အဆိုပါကယ်ဆယ် ရေးအဖွဲ့က ပြောသည်။ ဒဏ်ရာရသူ အချို့သည် စိုးရိမ်ရပြီး ကုသမှုခံယူ ရန် ဆေးရုံများသို့ တင်ပို့ထားရ ကြောင်း နက်ကဲပြောရေးဆိုခွင့်ရှိသူ ဆန်တီစတိန်းမန်းက ပြောသည်။

''ရထားတိုက်တဲ့ မြင်ကွင်းမှာ လူနာတွေရှိနေဆဲပါ။ အရေအတွက်က ၃ဝဝ နီးပါး တိုးလာနိုင်ပါတယ်''ဟု ၄င်းကဆိုသည်။ ဆေးအဖွဲ့တစ်ဖွဲ့က ရထားအတွင်း ပိတ်မိနေသောခရီးသွား များကို ရှာဖွေနေဆဲဖြစ်သည်။

ရထားတစ်စင်း အခြားရထားနဲ့ တိုက်မိပြီး မှောက်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးကပြောသည်။ သို့သော်လည်း ယင်းဖြစ်စဉ်သည် ဖြစ်ရိုးဖြစ်စဉ်မဟုတ်နိုင်ကြောင်း ရဲ အဖွဲ့က ပြောသည်။

ယင်းရထားတိုက်မှုသည် ဂျိုဟန် နစ္စဘတ်မြို့၌ သုံးလမပြည့်မီ ဒုတိယ အကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဧပြီလနှောင်းပိုင်းက ဂျိုဟန်နစ္စဘတ် အရှေ့ပိုင်းဘူတာတစ်ခု၌ ရထားနှစ်စင်း တိုက်မိခဲ့ရာ တစ်ဦးသေဆုံးပြီး ၂ဝဝ ကျော် ဒဏ်ရာရရှိသွားခဲ့သည်။

(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment