အမေရိကန် ကာကွယ်ရေး ဝန်ကြီး အရှေ့အလယ်ပိုင်း ခရီး စတင်


 အမေရိကန် ကာကွယ်ရေး ဝန်ကြီး Ashton Carter ရဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ် ဒီကနေ့ စတင်မှာ ဖြစ်ပါတယ်။

ပထမဆုံး အနေနဲ့ အစ္စရေး ကို သွားပြီး ဆော်ဒီ အာရေဗျ နဲ့ ဂျော်ဒန် နိုင်ငံတွေ ကိုလည်း ဝင်ဦး မှာ ဖြစ်ပါတယ်။

လတ်တလော အီရန် နိုင်ငံ နဲ့ အကြား သဘောတူမှု ရယူထားတဲ့ အီရန် ရဲ့ နျူကလီယာ အစီအစဉ် နဲ့ ပတ်သက်ပြီး၊ စိုးရိမ် မကင်း ဖြစ်နေကြတဲ့ ဒေသတွင်း နိုင်ငံ တွေ ကို ဖြောင်းဖြ နှစ်သိမ့် ဖို့ အဓိက သွားရောက် တာ ဖြစ်နိုင် တယ် လို့ သုံးသပ် နေကြ ပါတယ်။

အီရန် ရဲ့ နျူကလီယာ ရည်မှန်းချက် နဲ့ ပတ်သက်တဲ့ သဘောတူမှု ဟာ အင်မတန် ကြောက်ဖို့ ကောင်းတဲ့ အမှား အယွင်း ဖြစ်တယ် လို့ ပြောခဲ့တဲ့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ အင်္ဂါနေ့ ကြရင် မစ္စတာ ကာတာ တွေ့ဆုံ မှာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment