“ခိုများအား အစာမကျွေးရ”။ ဒါဟာ အဓိက ဥရောပရမြို့ကြီးတိုင်းနီးပါးမှာ ဒုက္ခပေးတတ်တဲ့ ခိုအကောင်ဦးရေတိုးပွားမှု ရပ်တန့်စေဖို့ လုပ်ထားတဲ့ တောင်းဆိုချက်တစ်ခုဖြစ်ပါတယ်။
ဒါပေမယ့်လို့ ယခုအခါမှာတော့ စပိန်နိုင်ငံက မြို့တစ်ခုဟာ ငှက်တွေပေါ် အကောင်ရေ သိသိသာသာကျဆင်းစေမယ့် သန္ဓေတားနည်းတစ်မျိုး နောက်တစ်ဆင့် တိုးမြင့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
Catalonia ဒေသရှိ Badia del Valles မြို့က ခိုသန္ဓေတားဆေး Ovistop ကို ဂျုံစေ့နဲ့တပါတည်းရောနယ်ကာ မနက်တိုင်း ကြဲပေးဖို့ စက်ကို တပ်ဆင်ထားပါတယ်။ ယင်းစက်တွေဟာ ယခုချိန်ကစပြီး နှစ်ကုန်အထိ လည်ပတ်သွားမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ခိုတွေ အများဆုံး ပေါက်တဲ့ အချိန်လို့ ငှက်လေ့လာတဲ့ ပညာရှင်များပြောဆိုချက်အရ သိရပါတယ်။ မနက်တိုင်း အလိုအလျောက်ထုတ်ပေးတဲ့ စက်သုံးခုမှ ခိုကောင်ရေအတွက် လိုအပ်တဲ့ ဆေးပမာဏကို ကြဲပေးမှာဖြစ်ပါတယ်လို့ ထုတ်ပြန်ချက်တစ်ခုက ဆိုပါတယ်။
(၅) နှစ်အတွင်း ခိုအကောင်ရေ ၈၀% ကျဆင်းသွားမယ်ဖြစ်ကြောင်း တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။ ယခုလက်ရှိ အချိန်မှာ စုံတွဲခိုနှစ်ကောင်ကနေ နှစ်စဉ် (၄၈) ကောင် ထိ သားပေါက်နိုင်တယ်လို့ ဆိုပါတယ်။
နယူးဇီလန်နိုင်ငံ Wellington မှ အရာရှိများက အဲဒီနည်းအတိုင်း လိုက်လုပ်ရန် စဉ်းစားနေကြောင်း ပြီးခဲ့သည့်လက ပြောဆိုခဲ့ပါတယ်။
Ref: Independent
Source:trend.com.mm
0 comments:
Post a Comment