ချစ်သူကောင်မလေးအတွက် မွေးနေ့ဆုတောင်း မလုပ်တဲ့သူတွေကို သေနတ်နဲ့ ပစ်ခဲ့တဲ့ အမျိုးသား


အသက် ၂၀အရွယ်သာရှိသေးတဲ့ Minneapolis အမျိုးသား Delonte Thomas ဟာ သူ ချစ်သူကောင်မလေးကို မွေးနေ့ဆုတောင်းမပေးခဲ့ကြသူတွေအား သေနတ်နဲ့ပစ်ခဲ့တဲ့အတွက် ထောင်ဒဏ် ၃၃၃လကျခံရတော့မှာ ဖြစ်တယ်လို့ New York Daily News က ရေးသားထားပါတယ်။
တာဝန်ရှိသူတွေရဲ့ ဖွင့်ဟချက်အရ ဒီအဖြစ်အပျက်ဖြစ်ခဲ့တာကတော့ လွန်ခဲ့တဲ့ ၂၀၁၄ခုနှစ်ကတည်းကပါတဲ့။  Thomas ဟာ မွေးနေ့ပါတီပွဲမှာ အခြားမွေးနေ့ရှင်ကောင်မလေးကို ဆုတောင်ပေးခဲ့တဲ့သူတွေဟာ သူ့ချစ်သူကောင်မလေးကိုတော့ မွေးနေ့ဆုတောင်းမပေးခဲ့တာကြောင့် ခုလို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်တဲ့။
သူဟာ ချက်ချင်းဆိုသလို ပါတီကနေ ထွက်သွားပြီး သေနတ်တစ်လက်နဲ့ ပြန်ဝင်လာကာ သူ့ချစ်သူကောင်မလေးကို မွေးနေ့ဆုမွန်ကောင်းမခြွေတဲ့ အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ကိုးကြိမ်ပစ်ခဲ့တဲ့အပြင် အခြားနှစ်ယောက်ကိုလည် ရှစ်ကြိမ်စီ ပစ်ခဲ့တယ်လို့ သိရပါတယ်။
ကံကောင်းထောက်မစွာ သုံးယောက်စလုံးဟာ နေပြန်ကောင်းလာကြပြီလို့ သိရပါတယ်။
Ref:cosmopolitan
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment