လင်ခရူဆာကား ချောက်အတွင်း တိမ်းမှောက်၍ အမျိုးသား သုံးဦးသေဆုံး


ဂန့်ဂေါ ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ထီးလင်း-ဂန့်ဂေါကားလမ်းတွင် ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက ယာဉ်တစ်စီး ချောက်အတွင်း ထိုးကျတိမ်းမှောက် ခဲ့သောကြောင့် အမျိုးသား သုံးဦး သေဆုံး ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၄ ရက် နံနက် ၇ နာရီ က ထီးလင်း-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် (၉၂/၂)နှင့် (၉၂/၃)အကြား တွင် ဂန့်ဂေါမြို့ဘက်မှ ထီးလင်းမြို့ဘက်သို့ ယာဉ်မောင်း ဝင်းမြင့်အောင် (၃၈)နှစ် ဘိုကုန်းကျေးရွာ မတ္တရာမြို့နယ်နေသူ မောင်းနှင်သော YGN 4A /-- လင်ခရူဆာ မီးခိုးရောင်ယာဉ်ပေါ်တွင် သန်းစိုးလင်း (အသက်စုံစမ်းဆဲ) ကမ္မရွာ ပခုက္ကူမြို့နယ်နေသူနှင့် ဇာနည်တိုး(၂၅)နှစ် မုံရွာမြို့နေသူ လိုက်ပါပြီး တရားမဝင် တမလန်းခွဲသား ခြောက်တုံး (သုည ဒသမ ၅၉၄၄)တန်အား တင်ဆောင်မောင်းနှင်လာစဉ် မိုင်တိုင်(၉၂/၂)နှင့် (၉၂/၃)အကြား တောမလမ်းဆုံအနီးတွင် လမ်း၏ ဝဲဘက်ခြမ်းရှိ ရှစ်ပေခန့် နက်သော ချောက်အတွင်းသို့ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် သန်းစိုးလင်းနှင့် ဇာနည်တိုးတို့သည် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်မောင်း ဝင်းမြင့်အောင်တွင် ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဆေးမင်းတော တိုက်နယ် ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူစဉ် သေဆုံး သွားခဲ့ကြောင်း သိရသည်။

(ကျော်ဇေယျ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment