တင်းတိပ်နဲ့ ဝက်ခြံတွေဆိုတာ မျက်နှာနဲ့ တခြားခန္ဓာကိုယ် အစိတ်အပိုင်းပေါ် ပြသနာဖြစ်စေတဲ့ အရာတွေဖြစ်ပါတယ်။အာဟာရဓာတ်စွမ်းအင်က မလိုအပ်တဲ့ အမာရွတ်တွေကို ကူညီကုသ ပေးနိုင်ပါတယ်။ ငွေကုန်ကြေးကျ မများဘဲ အမာရွတ်များ ဖယ်ရှားချင်ရင် ဒီစာလေး မဖြစ်မနေ ဖတ်သင့်ပါတယ်။ အကြောင်းက သင်ကိုယ်တိုင် ဖန်တီးဖော်စပ်နိုင်တဲ့ သဘာဝခရင်မ် (cream) တစ်မျိုး ဖော်ပြပေးမှာ ဖြစ်လို့ပါပဲ။
ဒီခရင်မ် (cream) လေးကို သင် ပုံမှန်အသုံးပြုပါက သင့်ဝက်ခြံတွေ ခဏလေးအတွင်း ပျောက်ကွယ်သွားပါလိမ့်မယ်။
လိုအပ်သည့်ပစ္စည်းများ
· ကြက်ဥအဖြူ (၁) လုံး
· လတ်လတ်ဆတ်ဆတ် ညှစ်ယူထားတဲ့ သံပုယိုရည် လက်ဖက်ရည်ဇွန်း (၄) ဇွန်း
· ပျားရည် လက်ဖက်ရည်ဇွန်း (၄) ဇွန်း
ဖော်စပ်နည်း
ဖော်ပြထားတဲ့ ပစ္စည်းအားလုံးကို ပန်းကန်တစ်လုံးထဲရောထည့်၊ ကောင်းစွာ ရောသမမွှေပြီးဆိုရင် အဆင်သင့်ဖြစ်တဲ့ ခရင်မ်ကို ရရှိနေပါပြီ။
အသုံးပြုပုံ
အရင်ဦးဆုံး မျက်နှာကိုသေသေချာချာ သစ်ပေးပါ။ ဘာကြောင့်လဲဆိုတော့ ဒီ ခရင်မ်ကို လိမ်းဖို့အတွက် အသားအရေသန့်ရှင်းခြောက်သွေ့ဖို့ လိုအပ်နေဖို့ပဲဖြစ်ပါတယ်။ ခရင်မ် ကို ဖြစ်တဲ့ နေရာတွေမှာ လိမ်းပေးရမှာဖြစ်ပါတယ်။ မျက်နှာပြန် မသစ်ခင် အဲဒီဆေးကို ၁၅ မိနစ်ခန့် ထားပေးရပါမယ်။ အဲဒီနည်းအတိုင်း တစ်ပတ် (၂) ကြိမ် ပုံမှန်လိမ်းပေးပါ။
Source:trend.com.mm
0 comments:
Post a Comment