စက်လှေကားထဲ ညှပ်ပါပြီး အသက်မဆုံးရှုံးရခင်မှာ ကလေးငယ်ကို ရအောင် ကယ်တင်သွားခဲ့တဲ့ မိခင်


တရုတ်နိုင်ငံက ရှော့ပင်းမောလ်တစ်ခုမှာ မိခင်ဖြစ်သူဟာ စက်လှေကားထဲ ကျွံကျ ညှပ်ပါပြီး အသက်မဆုံးရှုံးရခင်မှာ သူမရဲ့ သားလေးကို ဘေးကင်းရာ တင်ပေး နိုင်လိုက်ပါတယ်။ 
အသက် ၃၀ အရွယ် Xiang Liujuan ဟာ Jingzhou က ကုန်တိုက်တစ်ခုမှာ သားလေးနဲ့ အတူ ဈေးဝယ် ထွက်နေရင်း အခုလို စက်လှေကားထဲ ကျွံကျ သေဆုံးခဲ့ရတာဖြစ်ပါတယ်။သားအမိနှစ်ယောက် စက်လှေကားပေါ်ရောက်ချိန်မှာ စက်လှေကားထိပ်က ကြမ်းခင်းအဖုံး ပြုတ်ထွက်ပြီး မိခင်ဖြစ်သူဟာ စက်လှေကားထဲ ကျွံကျညှပ်ပါကာ အောက်ထပ်ကို ပြုတ်ကျ သေဆုံးခဲ့တာပါ။ 
စက်လှေကားပြုပြင်ထိန်းသိမ်းရေးအလုပ်သမားတွေဟာ စက်လှေကားထိပ်က ကြမ်းခင်းအဖုံးကို ၀က်အူပြန်လှည့် မပိတ်ခဲ့တာကြောင့် ဖြစ်ပွားခဲ့ရတယ်လို့ လူအများစုက အပြစ်တင်ဝေဖန်နေကြပါတယ်။သူမ မပြုတ်ကျခင်မှာ ကလေးငယ်ကို မိခင်စိတ်အစွမ်းနဲ့ ကုန်တိုက်ဝန်ထမ်းဆီ ရအောင် ထိုးထည့်သွားနိုင်ခဲ့တာကို တွေ့ မြင်ရမှာပါ။ 
စက်လှေကားထိပ်က ၀န်ထမ်းနှစ်ယောက်ဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်တစ်ဝက် စက်လှေကားထိပ်က ၀င်ရိုးထဲ ညှပ်နေချိန်မှာ ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပေမယ့် အချိန်မမီခဲ့ပါဘူး။ Wuhan Eveningသတင်းစာက ဖော်ပြချက်အရ သေဆုံးသူအမျိုးသမီးဟာ အခင်း ဖြစ်ပွားတဲ့ကုန်တိုက်မှာ ခင်ပွန်းဖြစ်သူနဲ့ တူတူဈေးဝယ်ထွက်နေခဲ့တာဖြစ်ပြီး စက်လှေကားနဲ့ အပေါ်ထပ်တက်ရာမှာ ခင်ပွန်းဖြစ်သူ ကျန်နေခဲ့တာဖြစ်တယ်လို့ ရေးသားထားပါတယ်။ 
ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ အမျိုးသမီးရဲ့ ရုပ်အလောင်းကို စက်လှေကားထဲက ပြန်ထုတ်ဖို့ အချိန်လေးနာရီကျော် ကြာမြင့်ခဲ့ပါတယ်။ ဒီသတင်းဟာ တရုတ်နိုင်ငံက Twitter ပုံစံ Sina Weibo မှာ ဟိုးလေးတကျော် ဖြစ်နေပြီး ဖတ်ရှုသူပေါင်း ၆.၆ သန်းကျော် ရောက်ရှိနေပါပြီ။ မှတ်ချက်ပေးသူအများစုက ကုန်တိုက်ရဲ့ စီမံအုပ်ချုပ်မှု ညံ့ဖျင်းမှုကို ဒေါသထွက် အပြစ်တင်ခဲ့ကြသလို မိမိအသက်အန္တရာယ်ကြုံနေတဲ့အချိန်မှာတောင် သားဖြစ်သူကို ကယ်ဆယ်နိုင်ခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ကြီးမားတဲ့မေတ္တာတရားကို လေးစားခဲ့ကြပါတယ်။ 
တရုတ်နိုင်ငံဟာ မတော်တဆမှုတွေ ခဏခဏဖြစ်လေ့ရှိပြီး စည်းကမ်း ဥပဒေတွေကို မသိကျိုးကျွံပြုလေ့ရှိပြီး အကျင့်ပျက်ခြစားမှုကြောင့် စည်းကမ်းထိန်းသိမ်းရေးမှာလည်း လျော့ယွင်းမှုတွေ ရှိနေပါတယ်။၂၀၁၂ ခုနှစ် တုန်းက ဘေဂျင်းကုန်တိုက် စက်လှေကားမှာ ကိုးနှစ်အရွယ် ကောင်လေးတစ်ယောက် ညှပ်သေဆုံးခဲ့ပြီး ၂၀၁၁ ခုနှစ်တုန်းကလည်း ရုံးတက်ရုံးဆင်ချိန်မှာ ဘေဂျင်းမြေအောက်ဘူတာရုံစက်လှေကား ပြောင်းပြန်လည်ခဲ့ မှုကြောင့် ၁၃ နှစ်အရွယ် ကောင်လေးတစ်ယောက် အသက်သေဆုံးကာ လူနှစ်ဆယ် ကျော် ဒဏ်ရာရရှိခဲ့ဖူးပါတယ်။
Ref: Dailymail 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment