ရေဘေးဒုက္ခသည်တချို့ကို သြဂုတ်လ ၆ ရက်နေ့က မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြိုနယ် ကျောင်းတော်ရာရွာ ကျောင်းတော်ရာ ဘုရားက ရေဘေးဒုက္ခသည်စခန်းမှာ မြင်ရစဉ်။ Photo: Nay Thwae/RFA |
"ရေဘေးသင့် လူဦးရေ စုစုပေါင်း ဇွန်၊ ဇူလိုင်၊ သြဂုတ် ၃ လပေါင်း ၁၆၂၉ ၄ဝ၅ ပါ၊ သေဆုံးတာ ၃ လပေါင်းဆိုရင် ၁၂၁ ဦးပါ၊ ကျမတို့က ဖြန့်ဖြူးဖို့လည်း အကုန်လုံးခွဲပြီးသားပါ ဥပမာ ချင်းပြည်နယ်မှာ ကလေးအထိပို့လို့ရတယ်၊ မတူပီဆိုလည်း မင်းတပ်အထိ ပို့လို့ရတယ်၊ ကျမတို့ ပို့ဆောင်ရေးဌာနနဲ့ ညှိနှိုင်းပြီးပို့ပေးတယ်၊ ဒါပေမဲ့ ဟိုဘက်ကနေ ဆက်ဖြန့်တာတို့ ဆက်ပို့တာတို့ကျတော့ သူတို့သက်ဆိုင်ရာဒေသအစိုးရအဖွဲ့က သူတို့အစီအစဉ်နဲ့ ဆက်ပို့ကြတာပေါ့နော်"
မိုးကြီးခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ ဧရာဝတီိတိုင်း၊ မကွေးတိုင်း၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ ရေကြီးရေလျှံခဲ့ကာ လယ်ဧက ၇သိန်းကျော် ပျက်စီးခဲ့ရပါတယ်။ ချင်းပြည်နယ်မှာလည်း လက်ရှိအချိန်ထိ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတဲ့အတွက်ကြောင့် မင်းတပ်၊ မတူပီ စတဲ့ဒေသတွေက ပြည်သူတွေဆီ စားနပ်ရိက္ခာတွေကို သက်ဆိုင်ရာအစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး ပို့ပေးနေတယ်လို့ ပြောပါတယ်။ လက်ရှိ အချိန်အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့မှာ ရေကြီးရေလျှံနေဆဲဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
0 comments:
Post a Comment