တောင်ကြီးမြို့ မှာ မီးပွိုင့် ဖျက်ဆီးသူများအား ဖမ်းမိ

  အရက်သောက်စားမူးယစ်ပြီး မီးပွိုင့်နှင့်မီးပွိုင့် အဆောက်အဦကို ဖျက်ဆီးသူများအား ဖမ်းဆီးအရေးယူထား
 နေပြည်တော်၊ ဩဂုတ် ၃၁

၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၀၀၀၅ အချိန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် အိမ်တော်လမ်းဆုံရှိ ကျားခေါင်းလမ်းဆုံမီးပွိုင့်သို့ အရက်မူး နေသည့် လူငယ်တစ်စု ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး မီးပွိုင့်နှင့် မီးပွိုင့်အဆောက်အဦတို့ကို ခဲဖြင့်ပစ်ပေါက်ဖျက်ဆီးနေကြောင်း သတင်းအရ တောင်ကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးရာ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်နေ ရဲဇော်(၁၈)နှစ်ပါ(၇)ဦး တို့မှ မီးပွိုင့်နှင့် မီးပွိုင့်အဆောက်အဦအား ခဲဖြင့်ပစ်ပေါက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်းများ ပြုလုပ် နေသည်ကို တွေ့ရှိရသဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။

 မီးပွိုင့်နှင့် မီးပွိုင့်အဆောက်အဦကို ဖျက်ဆီး သူများအနက် သစ်တောရပ်ကွက်နေ ရဲဇော်၊ ဝေယံသက်(ခ)ဖိုးလပြည့်(၂၂)နှစ်နှင့် ဟိန်းထက်(ခ) မုတ်ကြီး(၂၀)နှစ်တို့(၃)ဦးအား အခင်းဖြစ်နေရာတွင် ဖမ်းဆီးရမိခဲ့ပြီး တောင်ကြီးမြို့၊ ချမ်းသာ ရပ်ကွက်နေ စိုးနောင်(၁၉)နှစ်၊ နိုင်လင်းထွန်း(၂၅)နှစ်၊ ကျော်မြတ်သူ(၂၅)နှစ်နှင့် ကံသာရပ်ကွက်နေ နိုင်လင်း(ခ)ဖိုးသား(၂၀)နှစ်တို့(၄)ဦး ထွက်ပြေးတိမ်းရှောင်သွားခဲ့၍ လိုက်လံဖမ်းဆီးရမိခဲ့သည်။

 ၎င်းတို့ဖျက်ဆီးမှုကြောင့် မီးပွိုင့်မီးဝါ(၁)ခုပျက်စီး/မီးပွိုင့်အဆောက်အဦသံတံခါးပိန်ချိုင့်၍ စုစုပေါင်း တန်ဖိုးငွေကျပ် (၄,၅၃၀,၀၀ဝိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ရဲဇော် ပါ(၇)ဦးအား တောင်ကြီးမြို့မ ရဲစခန်း(ပ)၂၄၁/၂၀၁၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment