ချစ်ကြိုက်နေသူက အလိုမတူဘဲ အဓမ္မပြုကျင့်


 မန္တလေး

          ပြင်ဦးလွင်မြို့နယ်တွင် ချစ်ကြိုက်နေသူက အလိုမတူဘဲ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မူးရုံးက က သိရသည်။

          ယခုလ (၂၇) ရက်နေ့ ည (၈း၀၀) အချိန်တွင် ပြင်ဦးလွင်မြို့နယ် ရေချမ်း အိုးမြောက်ရွာ နေ မ……(၁၆) နှစ်သည် ကွမ်းယာဆိုင် ဖွင့်လှစ် ရောင်းချနေစဉ် လွန်ခဲ့သော တစ်လခန့်က ၎င်းနှင့် ချစ်ကြိုက် နေသူတစ်ရွာတည်းနေ မောင်…(၂၀) နှစ်သည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး စကားပြောရန် ရှိ၍ လိုက်ခဲ့ရန် ပြောသဖြင့် လိုက်သွားခဲ့သည်။

          ရေချမ်းအိုးရွာ အရှေ့ဘက် နတ်စင် ကုန်းလမ်းကြားသို့ အရောက်တွင် ဆိုင်ကယ်အားရပ်ပြီး မ…..(၁၆) နှစ်အား အတင်းပွေ့ဖက်တွန်းလှဲ၍ အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ ပြီးနောက် နေအိမ်သို့ ရောက်ရှိစဉ် လုံချည်နှင့် အင်္ကျီတို့တွင် မြေများ ပေကျံနေသည်ကို မိခင်က တွေ့မြင်ခဲ့သဖြင့် မေးမြန်းရာမှ ယင်းဖြစ်စဉ်ကို သိခဲ့ရကြောင်း မှုခင်း မှတ်တမ်းအရ သိရသည်။

          ယခုလ(၂၈) ရက်နေ့တွင် မိခင်ဖြစ်သူမှ ကျေးရွာအုပ်ချုပ်မူးရုံး၌ မောင်…(၂၀) နှစ်နှင့် ၎င်း၏ ဆွေမျိုးများအား တွေ့ဆုံဆွေးနွေး ပြောကြားခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့သဖြင့် ယခုလ (၂၉) ရက်နေ့တွင် မြို့မစခန်း (ပြင်ဦးလွင်) မှ (ပ)၁၉၅/ ၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိသည်။

T.Y.D.N
The Messenger Media
http://www.messengerdaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment