တရုတ်နိုင်ငံမှာ ရှစ်နှစ်အတွင်း အဆိုးရွားဆုံး ဈေးကွက် ကျဆင်းမှုတွေ နဲ့ ရင်ဆိုင် |
ရှန်ဟိုင်း စတော့ဈေးကွက်ဟာ ဒီအပတ်အစောပိုင်းက ၈.၅ ရာခိုင်နှုန်း အထိကျခဲ့ပြီး အင်္ဂါနေ့မှာ ၇ ရာခိုင်နှုန်းကျော် ထပ်ကျပြီး ဈေးပိတ်သွားပါတယ်။
တရုတ်နိုင်ငံ အစုရှယ်ယာဈေး ထိုးကျမှုဟာ ဇွန်လ နောက်ပိုင်းမှာ ၄ဝ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
ဗဟိုဘဏ်ကနေ အတိုးနှုန်း ဖြတ်တောက်မှုတွေလည်း မကြာခဏ လုပ်နေရပြီး နိုဝင်ဘာလ ကစလို့ အခုတခါနဲ့ဆို ၅ကြိမ် ရှိပြီဖြစ်ပါတယ်။
ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်း ၀.၂၅ ရာခိုင်နှုန်း ဖြတ်တောက် လိုက်တဲ့အတွက် တရုတ်ပြည်က ဘဏ်တွေအနေနဲ့ ငွေထုတ်ချေးတဲ့အခါမှာ ပိုပြီး လွယ်ကူသွားမယ်လို့ စီးပွားရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။
တနင်္လာနေ့က ရှယ်ယာဈေးတွေ သိသိသာသာ ထိုးဆင်းသွားတဲ့အတွက် ထိပ်သီးကုမ္နဏီကြီးတွေရဲ့ ရှယ်ယာ တန်ဖိုး ဒေါ်လာ သန်း ၅သိန်းဖိုးလောက် ဆုံးရှုံးခဲ့ရတယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။
တရုတ် ရှယ်ယာဈေးကွက် အကြီးအကျယ် ကျဆင်းမှု ကြောင့် ကမ္ဘာတလွှား ရှယ်ယာတွေ ထုတ်ရောင်းနေတာတွေ အများကြီး တွေ့နေရပါတယ်။
ဒီဈေးကွက် ကျဆင်းမှုဟာ ရှစ်နှစ် အတွင်းမှာ အဆိုးဆုံး ကျဆင်းမှု ဖြစ်ပါတယ်။
ကျဆင်းမှုမရှိဘူးလို့ ထင်ထားခဲ့တဲ့ တရုတ်ဈေးကွက်ဟာ အခုတော့ အကျပ်ရိုက်နိုင်တဲ့ အနေအထားကို ရောက်လာပြီဖြစ်တဲ့အတွက် အခုအနေအထားကမှတဆင့် နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment