ဓါတ်ပုံ - MOI |
ညောင်ဦး မြို့နယ်အတွင်း ရောက်ရှိ လာသော တောဆင်ရိုင်း (၆)ကောင်သည် ယနေ့ နေ့လည် ၂နာရီ ၁၅ မိနစ်အချိန်တွင် ပြွန်ကျေးရွာအုပ်စု၊ တာလန်းကန်ဘက်တွင် ရောက်ရှိစဉ် ဖိုးပိုင်က ဆင်များအား ဓါတ်ပုံရိုက်ကူးရန် ပြင်နေစဉ် ဆင်မှ နာမောင်းဖြင့် ရိုက်သဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။
ဖိုးပိုင် (အဖ) ဦးမုန်း၏ သား (၃၄)နှစ် ၉/ညဥန(နိုင်)၁၆၇၁၈၉ ကံကျဲကျေးရွာ နေသူသည် တောဆင်ရိုင်း (၆)ကောင်အား ဓါတ်ပုံရိုက်ကူးရန် ပြင်ဆင်နေစဉ် ဆင်(၁)ကောင်မှ နှာမောင်းဖြင့် ရိုက်သောကြောင့် ခြေထောက် (၂)ဖက်ကျိုး၊ လက် (၂)ဖက်ကျိုး ၀မ်းဗိုက်ပေါက် ဒဏ်ရာရရှိသဖြင့် တောင်ဇင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ နေ့လည် ၂နာရီ ၄၅ မိနစ် အချိန်တွင် သေဆုံးသွားကြောင်း သိရှိရသည်။
ညောင်ဦး ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
0 comments:
Post a Comment