မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ဒီနေ့ ဒေသစံတော်ချိန် ညနေငါးနာရီ မှာ ပြုံယမ်းဆန့် ကျင်မှုသွေးထိုး အသံလွှင့်မှုတွေကို မပိတ်သိမ်းပါက စစ်ကြေငြာမှာ ဖြစ်တယ်လို့ တောင်ကိုရီးယားကို ခြိမ်းခြောက်လိုက်ပါတယ်။
နှစ်နိုင်ငံကြားတင်းမာမှုတွေဟာ ကြာသပတေးနေ့ က တောင်ကိုရီးယားနယ်နမိတ်ထဲကို မြောက်ကိုရီးယားက အမြှောက်နဲ့ ပစ်ခတ်ပြီး အဆိုပါအသံလွှင့်မှုတွေကို ဆန့် ကျင်မှု ကနေ စတင်ခဲ့ တာဖြစ်ပါတယ်။ တောင်ကိုရီးယားဘက် ကလည်း အမြှောက် ၂၉ ချက် ဆက်တိုက်ပစ်ခတ်ပြီး တုံ့ ပြန်ခဲ့ပါတယ်။
နှစ်ဘက်လုံးက ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ကြေငြာခဲ့တာကြောင့် အချက်ပေးပစ်ခတ်မှု အနေနဲ့ သာပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်စေလိုတဲ့ရည်ရွယ်ချက်မရှိဘူးလို့ သိရပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ နှစ်နိုင်ငံလုံးဟာ စစ်ပွဲနွှဲချင်မှာ မဟုတ်ဘူး လို့ သိရပါတယ်။ ဒါပေမယ့် ကင်ဂျုံအန်ဟာ ဒီနေ့ ညနေထိ တောင်ကိုရီးယားဘက်က လော်စပီကာတွေကို မရုတ်သိမ်းဘူးဆိုရင်တော့ ခြေမှုန်းသွားမှာဖြစ်တယ်လို့ ခြိမ်းခြောက်စကား ဆိုလိုက်ပါတယ်။
Ref: Metro
Source:trend.com.mm
0 comments:
Post a Comment