ဘိုကလေးကမ်းနားတွင် လူတစ်ဦးကို မိကျောင်းကိုက်ချီသွား


 ဘိုကလေး သြဂုတ် ၂၅

 ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာအုပ်စုအပိုင်တွင် လူတစ်ဦးမိကျောင်းကိုက်ချီသွား ကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၄ရက် နံနက် ၁၁နာရီခွဲတွင် ဘိုကလေးနယ်မြေ ကဒုံကနိကျေးရွာအုပ်စု လိပ်သောင် ရေကျော်ဝက်ချောင်းကမ်းနားဘေးတွင် နေထိုင်သော အဘ ဦးလှငွေ၏သား မောင်သန်းထိုက် (၁၄)နှစ်၊ညီမဖြစ်သူ မကျော့ကေခိုင် (၆)နှစ်တို့နှစ်ဦးသည် အိမ်ရှေ့ရေချိုးဆိပ်၌ ရေဆင်းချိုးနေစဉ် မောင်သန်းထိုက်ကို မိကျောင်း တစ်ကောင် ကိုက်ချီသွားခြင်းဖြစ်သည်။

၁၅မိနစ်ခန့်အကြာတွင် မိကျောင်းသည်ရေပေါ်သို့ ပြန်ပေါ်လာကြောင်း၊ မိကျောင်း၏အရှည်မှ ၁၂ပေခန့်ရှိကြောင်း၊ ညီမဖြစ်သူ မကျော့ကေခိုင်ကဖခင်ဖြစ်သူ ဦးလှငွေထံသို့အပြေးသွား ရောက်ဖြေပြကြောင်း၊ ဖခင်ဦးလှငွေမှ ကဒုံကနိနယ်မြေရဲစခန်းသို့ဖုန်းနှင့်ဆက်သွယ်၍ အကူအညီတောင်းခံရာ မွန်း တည့် ၁၂ နာရီတွင် ကဒုံကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်နယ်မြေလှည့်ကင်းတာဝန်ထမ်းဆောင်နေသောရဲတပ်ကြပ် ကြီး အောင်မြင့်ပါရဲတပ်ဖွဲ့ဝင်ငါးဦးတို့က ပဲ့ထောင်တစ်စီးဖြင့်ချောင်းအတွင်း မိကျောင်းကိုက်ချီသွားသော မောင် သန်းထိုက်၏ အလောင်းကို လိုက်လံရှာဖွေကြောင်းသိရသည်။ မိကျောင်းကိုက်ချီသွားသူအား ယနေ့အထိ အ လောင်း မတွေ့ရသေးကြောင်း သိရသည်။

ဘိုကလေး(ဌေးနိုင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment