နျူကလီးယားလက်နက် ထုတ်လုပ်ရာတွင် အဓိကအသုံးပြုသော ယူရေနီယံ အများအပြားထွက်ရှိသည့်နေရာတွေ့ရှိ

Credit : periodictable.com
 နျူကလီးယားလက်နက်များထုတ်လုပ်ရာတွင် အဓိက ပါဝင်သော ကုန်ကြမ်းဖြစ်သည့် ယူရေနီယံသတ္တု အများအပြား ထွက်ရှိသောနေရာကို မြန်မာ နိုင်ငံ၌ တူးဖော်ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်း ထူးကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇကပြောသည်။
အဆိုပါ ဓာတ်သတ္တုကို မိုး ကုတ်မြို့အနောက်ပိုင်းမှ သုံး နာရီခွဲခန့် ကားမောင်းသွားနိုင်သော ဟုန်ကန်ကျေးရွာအနီးတစ်ဝိုက်တွင် တွေ့ရှိထားကြောင်း ၎င်းက ယမန်နေ့ ညနေတွင် အင်းလျားလမ်းရှိ နေအိမ်တွင် ပြုလုပ်သောသတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ယူရေနီယံများ တူးဖော်ရရှိသူများကို ဦးတေဇက လတ်တလောတွင် ကျပ်သိန်းငါးရာစိုက်ထုတ်ပေးထားပြီး ယူရေနီယံသတ္တုတစ်ပြည်လျှင် ကျပ်သိန်းနှစ်ရာဖြင့် ၀ယ်ယူမည်ဖြစ်ကာ ၀ယ်ယူသည့် ပစ္စည်းများကို ကုမ္ပဏီက ကိုယ်ကျိုးအတွက် အသုံးပြုမည်မဟုတ်ဘဲ နိုင်ငံတော်သို့အပ်နှံသွားမည်ဟု ဦးတေဇက ဆိုသည်။
‘‘မင်းတို့ တူးလို့ရတဲ့ပစ္စည်းတွေကို အခုလို ရန်ကုန်ထိလာအပ်စရာမလိုဘူး။ နောက်ပိုင်းကျရင် မန္တလေးတိုင်းမှာရှိတဲ့ သက်ဆိုင်ရာဌာနမှာပဲ ပေးအပ်လိုက်ပါ’’ဟု ဦးတေဇက ပစ္စည်းလာရောက် အပ်နှံသူများအား သတင်းထောက်များရှေ့တွင် ပြောသည်။
မြန်မာနိုင်ငံတွင် ယူရေနီယံသတ္တုကို ၁၉၈၂ ၀န်းကျင်က မိုးကုတ်မြို့နယ် ညောင်ပင်ရွာအနီး၌ နည်းပညာ ၀န်ဆောင်မှု ကော်ပိုရေးရှင်း အဖွဲ့တစ်ခုက ရှာဖွေတွေ့ရှိခဲ့သည်။
သို့သော် မြန်မာနိုင်ငံတွင် ထုတ်လုပ်ရန် နည်းပညာ မရှိသေးပေ။ ယင်းလုပ်ငန်းကို နိုင်ငံတော်အစိုးရက ပုဂ္ဂလိကအား ထုတ်လုပ်ခွင့်ပေးမည် မဟုတ်ကြောင်း ဘူမိဗေဒပညာရှင်တစ်ဦးက ပြောသည်။
ဟုန်ကန်ကျေးရွာနှင့် မိုးကုတ်အနောက်ပိုင်းမှ လာရောက်သူများသည် ကျောက်မျက်တူးဖော်ရှာဖွေရာတွင် ထူးခြားသည့် သတ္တုများတွေ့ရှိသည့်အတွက် ထူးခြားသည်ဟု ယူဆ၍ အဆက်အသွယ်များမှတစ်ဆင့်ဦးတေဇထံသို့ လာရောက်ရောင်းချခြင်း ဖြစ်ကြောင်း အဆိုပါဒေသမှ ကိုအောင်နိုင်က ပြောသည်။ အဆိုပါသတ္တုများ အိမ်ရောက်လာသည်မှာ သီတင်းသုံးပတ်ဝန်းကျင်ရှိနေပြီဖြစ်ကာ ကိုင်တွယ်စမ်းသပ်ထား၍ ဦးတေဇမှာ ယင်းသတ္တုများကြောင့် အဆိပ်သင့်နေပြီဟု ယူဆထား၍ ဂျပန်နိုင်ငံမှ ဆရာဝန်က နေအိမ်သို့ လာရောက်ကာ ဆေးကုသမှုပေးနေသည်ဟုဆိုသည်။
‘‘ဒါတွေကို ကျွန်တော်တို့ ကုမ္ပဏီက မတူးပါဘူး။ နိုင်ငံတော်ကို ရှာပေးချင်လို့ လုပ်တာပါ’’ဟု ဦးတေဇကပြောသည်။
‘‘အခု ကျွန်တော် ဒီဓာတ်သင့်ထားလို့ ကျန်းမာရေးသိပ်မကောင်းပါဘူး။ ဒါကြောင့် ဒီလို တွေ့ရှိထားတယ်ဆိုတာ မပြောလိုက်ရရင် လူတွေမသိမှာစိုးလို့ မီဒီယာကိုခေါ်ပြောတာပါ’’ဟု ဦး တေဇကပြောသည်။
လက်ရှိတွင် အဆိုပါသတ္တု များကို သုံးပိဿာခွဲခန့်အထိ တူးဖော်ရရှိထားပြီဖြစ်ပြီး ကျန်ပစ္စည်းများကိုလည်း ဆက်လက်ရှာဖွေ တူးဖော်သွားမည်ဖြစ်ကြောင်း ဦးတေဇကပြောသည်။
တူးဖော်ရရှိသည့် အဆိုပါပစ္စည်း အားလုံးကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ အပ်နှံထားသည်ဟုဆိုသည်။
By
သိမ့်သိမ့်စိုး  ပြည်သိမ်း

Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment