ဦးခေါင်းရိုးနဲ
့ဦးနှောက်ပါ ဆက်နေတဲ့ အမြွှာညီအစ်မဟာ ဆရာဝန်တွေရဲ့ ခန့် မှန်းချက်တွေကို
လွန်ဆန်ပြီး အခုအခါ လမ်းလျှောက်တတ်၊စကားပြောတတ်ပြီး တစ်ယောက်နဲ့ တစ်ယောက်
ငြင်းခုံနေတတ်ပြီလို့ သိရပါတယ်။
Tatiana နဲ့ Krista Hogan ဆိုသူ အသက် ခုနှစ်နှစ်အရွယ် ညီအစ်မနှစ်ယောက်ဟာ မွေးကတည်းက ဆရာဝန်တွေက အသက်မရှင်လောက်ဘူးလို့  ခန့် မှန်းမှုကို ခံခဲ့ရပါတယ်။ ဒါပေမယ့် ကနေဒါနိုင်ငံ၊ ဗာနွန်းမြို့ မှာ မိသားစုနဲ့ အတူနေထိုင်လျက် ရှိတဲ့ သူမတို့ ညီအစ်မဟာ ဆရာဝန်တွေရဲ့ ထင်ကြေးကို လွန်ဆန်ပြီး အခုအခါ ပျော်ရွှင်တဲ့ ဘ၀ကို ပိုင်ဆိုင်လျက်ရှိပါတယ်။
သူတို့ ရဲ့မိခင် Felicia က ကောင်မလေးနှစ်ယောက်ဟာ ကျောင်းသွားရတာကို အလွန် နှစ်သက်သလို၊ Power Rangers ကားတွေကြည့်ရတာနဲ့ ကိတ်မုန့် စားရတာကို အလွန်ကြိုက်တယ်လို့ ဆိုပါတယ်။သူတို့  ညီအစ်မနှစ်ယောက် ဟာ မောင်နှစ်မတွေဖြစ်တဲ့ Rosa,Christopher နဲ့ Shayleigh တို့ နဲ့ လည်း ပျော်ရွှင်စွာ ကစားတတ်ပြီး သူတို့ ကြောင့် မိသားစုတစ်ခုလုံး ပျော်ရွှင်နေရတယ်လို့ ဆိုပါတယ်။
သူတို့ အမြွှာနှစ်ယောက်ဟာ သူမတို့ ရဲ့အတွေးဦးနှောက်ထဲမှာတင် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်နိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် စိတ်ထဲက ကျီစယ်နေတတ်သလို ပါးစပ်က ထုတ်မပြောဘဲနဲ့ ဟာသတစ်ခုခုကိုလည်း အတူတူ ရယ်နေတတ်ကြတယ်လို့ မိသားစုက ပြောပြပါတယ်။ သူမတို့ အမြွှာညီအစ်မနှစ်ယောက်ဟာ တစ်ယောက်မျက်လုံးကနေ တစ်ယောက်ကမြင်နိုင်သလို စိတ်ခံစားချက်နဲ့ အတွေ့ အထိ အာရုံတွေကိုလည်း မျှဝေခံစားနိုင်ပါတယ်။ တစ်ယောက်ကို ကလိထိုးရင် တစ်ယောက်က ရယ်တတ်ပြီး တခြားတစ်ယောက်ရဲ့ လက်နဲ့ ခြေထောက်တွေကိုလည်း ကျန်တစ်ယောက် ထိန်းချုပ် နိုင်တယ်လို့ ဆိုပါတယ်။
သူမတို့ ဦးနှောက်ရဲ့အလုပ်လုပ်ပုံကို ဆရာဝန်တွေ အများအပြား တအံ့တသြ နားမလည်နိုင်ဖြစ်နေကြတယ်လို့ သိရပါတယ်။ သူမတို့ နှစ်ယောက်ဟာ ကျောရိုး သီးခြားပါပေမယ့် ဆက်နေတဲ့ဦးနှောက်ကြောင့် ခွဲစိတ်ဖို့ ကတော့ ဒီတစ်သက်ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ဦးနှောက်နှင့်အာရုံကြော ဆရာဝန် ဒေါက်တာ Douglas Cochrane က ရှင်းပြခဲ့ပါတယ်။
Ref: Dailymail
Source:trend.com.mm

0 comments:
Post a Comment