"မိုးစက်ရေဘေးအတွက် မကွေးတိုင်းက ရွာ ၇ရွာကို သွားလှူဖြစ်တယ်။ မကွေးကနေ လှေ ၄ နာရီလောက် စီးရတယ်။ မိုးစက်တို့သွားတဲ့ အချိန်ကရေတော့ ကျသွားပြီ။ ဒါပေမဲ့ နွံတွေကတော့ တော်တော်ထူတယ်။ တစ်ရွာလုံး လိုလို နွံတွေကြီးပဲ။ တချို့အိမ်တွေကတော့ ရေပြန် မဆင်းသေးဘူး။ သူတို့တွေကလဲ ဒီလိုပဲနေထိုင်နေတာပဲ။ တော်တော်တော့နွံက နက်တယ်။ မိုးစက်တို့တောင် ဘွတ်ဖိနပ် အရှည်နဲ့တော်တော်လေး ကိုလျှောက်ရ တယ်။ လျှောက်ရင်းနဲ့နွံနစ်နေလို့ ပြန်ဆွဲထုတ်ရတယ်။ အဲ့ဒါမျိုးတွေတော့ ကြုံခဲ့တယ်။ နောက်ပြီး တစ်နေရာနဲ့တစ်နေရာသွားရတာတော်တော်ဝေးတယ်။ ပြီးတော့ လှူတဲ့အခါမှာတော့ ပျော်ဖို့ကောင်းတယ်။ ပီတိလဲဖြစ်မိတယ်။ မိုးစက်တို့ အဲ့ဒီကိုသွားတာ တစ်ညအိပ်ပါပဲ။ မိုးစက်အပြင် ခါရာရယ်၊ ဒါရိုက်တာ အောင်မြတ်ရယ် ပါပါတယ်။ မိုးစက်က Myanmar Heart Charity Group ဆိုပြီးထောင်ထားပါတယ်။ အဲ့ဒီကနေပြီး ပြီးခဲ့တဲ့ တစ်ပတ်လောက်က အလှူတွေ ထွက်ခံဖြစ်တယ်။ ပြီးတဲ့အခါ တခြားအဖွဲ့အစည်းတွေကိုလဲ အလှူလိုက်ခံပါတယ်။ အခြားအဖွဲ့အစည်းတွေကလဲ လှူကြတယ်။ အဲ့ဒီပစ္စည်းတွေကို မကွေးမှာ သွားလှူတာပေါ့။ မိုးစက်ကတော့ ဆန်အိတ် ၁၀၀နဲ့ ငွေ၁၀သိန်း Myanmar Heart အဖွဲ့အစည်းကိုပြန်လှူထားပါတယ်။ အခုသွားတဲ့ ရွာ ၇ရွာကိုတော့ ဆန်အိတ် ၅၀ပဲ လှူခဲ့ပါတယ်။ ကျန်တာကတော့ အခြားနေရာကိုလှူဖို့အတွက်ချန်ထားပါတယ်။ မိုးစက်တို့သွားလှူရင်းနဲ့ သူတို့ကိုအားပေးစကားလဲပြောခဲ့တယ်။ အားလဲ မငယ်စေချင်ဘူး။ မြန်မာတစ်နိုင်ငံလုံး သူတို့ကို ဘာတွေလုပ်ပေးနေလဲဆိုတာ သိစေချင်တဲ့အတွက် အားပေးစကားတွေလဲပြောပေးခဲ့ပါတယ်။ ရေဘေးနဲ့ပတ်သက်ပြီး အနုပညာရှင်မှမဟုတ်ပါဘူး။ ရန်ကုန်တစ်မြို့လုံးပါပဲ။ မန္တလေးရောပေါ့။ အားလုံးကရေဘေးသင့်ပြည်သူတွေ အတွက်အလှူခံပေးနေကြတယ်။ ကိုယ့်ပြည်သူပြည်သား အချင်းချင်း စာနာနားလည်တဲ့ စိတ်နဲ့ဝိုင်းဝန်းကူညီနေကြတာကိုတွေ့ရတယ်။ အနုပညာရှင်တွေကလဲ ၀ိုင်းဝန်းကူညီပေးကြတဲ့အတွက် အနုပညာရှင်တွေအနေနဲ့လဲ ပြည်သူတွေရဲ့ယုံကြည်မှုကိုပိုရတာပေါ့နော်။"လို့ သူမက ပြောပါတယ်။
Source:trend.com.mm
အလှူခံကောက်တဲ့သူတွေ အရမ်းများလာတာနဲ့ပတ်သက်ပြီးတော့ သူမက "ဒါကတော့ အနည်းနဲ့အများရှိနိုင်တာပေါ့နော်။ ဒါပေမဲ့ ဗုဒ္ဒဘာသာဝင်တွေအနေနဲ့ကလဲ အလှူအတန်း လုပ်လိုက်တယ်ဆို လှူလိုက်တယ်လို့ပဲ သတ်မှတ်ကြတာပေါ့နော်။ ဒါပေမဲ့ အဓိကကတော့ တကယ်ကိုပဲ ရေဘေးသင့်ပြည်သူတွေအတွက် ထိရောက်မှုရှိစေချင်တယ်ဆိုရင်တော့ နည်းနည်းပါးပါးကြည့်ပြီး ကိုယ်ယုံကြည်ရာ ယုံကြည်ရာကို လှူရင်တော့ ပိုကောင်းတာပေါ့နော်။ ဒါမှလဲရေဘေးသင့်ပြည်သူတွေရဲ့ လက်ထဲကို ထိထိရောက်ရောက် ရောက်မှာပါ။ လှူတာကတော့ ဘယ်အရာမဆိုကောင်းပါတယ်။ ဒါပေမဲ့ အခုအရေးကြုံတဲ့အချိန်မှာ အချိန်နဲ့တစ်ပြေးညီ အလှူငွေပစ္စည်းနဲ့အလှူငွေနဲ့ရောက်ရှိသွားဖို့အရေးကြီးတယ်လေ။ ဒါပေမဲ့နောက်နည်းနည်းကြာမှရောက်သွားလဲ မထူးဘူးပေါ့။ ထပ်သွားဖို့က VeVe ကုမ္ပဏီမှ အခြားအဖွဲ့အစည်းနဲ့ပေါင်းပြီးလှူထားတဲ့ အလှူတစ်ခုရှိပါတယ်။ အဲ့ဒါက ရခိုင်ပြည်နယ်စစ်တွေဖက် သွားမယ်လို့ပြောပါတယ်။ ၁၆ ရက်နေ့ပါ။ အဲ့ဒီကိုတော့ မိုးစက်လုပ်အားပေးအနေနဲ့လိုက်သွားဖို့ ရှိပါတယ်။ ပြီးရင်တော့ မိုးစက် Myanmar Heart Charity နဲ့ပဲ မိုးစက်ကိုယ်တိုင် ဦးဆောင်ပြီးပြန်လည် ထူထောင်ရေးပိုင်းမှာ ပါပါဝင်ဖို့စီစဉ်ထား ပါတယ်။ ပြန်လည်ထူထောင်ရေးအတွက်က အခုမှလေ့လာမှုတွေ လုပ်နေတုန်းမို့လို့အချိန်တော့ နည်းနည်းပေးရပါ ဦးမယ်။ ရေဘေးသင့်ပြည်သူတွေ ကိုပြောချင်တာက မြန်မာတစ်နိုင်ငံလုံးက အတတ်နိုင်ဆုံးစိတ်ရော၊ကိုယ်ပါနှစ်ပြီး ရေဘေးသင့်ပြည်သူတွေကြုံတွေ့နေရတဲ့အခက်အခဲကို ကိုယ်တစ်ကယ်ကြုံတွေ့နေရတဲ့ အခက်အခဲလို့ သတ်မှတ်ပြီး တက်ညီလက်ညီ လုပ်ပေးနေကြပါ တယ်လို့ပြောချင် ပါတယ်။ အဲ့ဒီအတွက်လဲ မြန်မာနိုင်ငံရဲ့ ချစ်စရာကောင်းတဲ့ သဒ္ဒါတရားထက်သန်မှုကိုလဲတွေ့မြင်ရမှာပါ"တဲ့။
0 comments:
Post a Comment