အသက်
၂၉ နှစ်အရွယ် မင်းသမီး Megan Fox နဲ့ ခင်ပွန်းဖြစ်သူ Brian Austin Green
တို့ ဟာ လမ်းခွဲပြတ်စဲပြီးဖြစ်တယ်လို ခိုင်မာတဲ့သတင်းရစ်မြစ်တစ်ခုအရ
သိရပါတယ်။
သူတို့ နှစ်ယောက်ဟာ Hope & Faith ဇာတ်ကားရိုက်ကွင်းမှာ စတင်တွေ့ ခဲ့တာဖြစ်ပြီး ၁၁ နှစ်ကြာ ချစ်ကြိုက်ခဲ့ကာ အိမ်ထောင်သက်က ငါးနှစ်ရှိခဲ့တာ ဖြစ်ပါတယ်။ စတွေ့ စဉ်က Megan ဟာ အသက် ၁၈ နှစ်အရွယ်သာရှိသေးပြီး Brian က အသက် ၃၀ ရှိနေပြီဖြစ်ပါတယ်။
US Weekly သတင်းစာမှာ ဖော်ပြချက်အရ Megan ဟာ Brian နဲ့ ကွာရှင်းလိုက်ပြီ ဖြစ်ပြီး လွန်ခဲ့တဲ့ခြောက်လကတည်းက နှစ်ဦးသဘောတူဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။Transformers ရုပ်ရှင်ကား ခေါင်းဆောင်မင်းသမီး Megan နဲ့ Brian တို့ မှာ Noah နဲ့ Bodhi သားနှစ်ယောက်ရှိပြီး သူတို့ စုံတွဲဟာ ကင်မရာရှေ့ ပျောက်ကွက်နေခဲ့တာ ဇွန်လ ၉ ရက်ကတည်းက ဖြစ်ပါတယ်။
Megan ဟာ Tennage Mutan Ninja Turtles 2 ဇာတ်ကားရိုက်ကူးဖို့ အတွက် နယူးယော့ခ်မြို့ မှာ နွေရာသီကို ကုန်ဆုံးခဲ့ပြီး Beverly Hills,90210 ရုပ်သံဇာတ်လမ်း တွဲနဲ့ ထင်ရှားခဲ့တဲ့ Brian ကတော့ သားတွေကို ပြုစုစောင့်ရှောက်လျက်ရှိတယ်လို့ သိရပါတယ်။
သူတို့ နှစ်ယောက် ပြတ်စဲခဲ့ရတဲ့ အဓိကအကြောင်းအရင်းဟာ Megan ရဲ့ အလုပ်အပေါ် ရူးသွပ်အားစိုက်မှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Mirror.co.uk
Source:trend.com.mm

0 comments:
Post a Comment