အစိုးရစစ်တပ် နှင့် RCSS/SSA ကွန်ဟိန်းတွင်တိုက်ပွဲဖြစ် အဖမ်းခံရ ရွာသား ရ ဦး ယနေ့ပြန်လည်လွှတ်မြောက်


ဓါတ်ပုံ- RCSS/SSA တပ်သားများ (Photo:SHAN)
သြဂတ်စ် ၂၆ ရက် ၂၀၁၅

သြဂတ်စ်လ ၂၅ ရက်နေ့ မနက်ပိုင်းက ကွန်ဟိန်းမြို့နယ် ဆိုက်ခေါင်ရွာ အနီးတွင် တပ်မတော်နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် အစိုးရတပ်မှ ဖမ်းဆီးသွားသော ရွာသား ရ ဦးကို ယနေ့မနက် ပြန်လွှတ် ပေးလိုက်သည်ဟု သိရသည် ။

အခင်းဖြစ် ပွားရာအနီး ဆိုက်ခေါင်ရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ရ ဦးအား တပ်မတော် တပ်ရင်းမှ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည့် အပေါ် အကူအညီ ပေးရန် ကွန်ဟိန်း မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းထံ မနေ့ညက ချက်ချင်း စာရေးသား တောင်းဆိုခဲ့ရာ သြဂတ်စ်လ ၂၆ ရက် ယနေ့ မနက်တွင် အားလုံး ပြန်လည် လွှတ်မြောက်ပြီ ဖြစ်ကြောင်း သိရသည် ။

“တပ်မတော်က ဖမ်းသွားတာ ရ ဦးပေါ့လေ ။ တိုက်ပွဲက မဖြစ်တာ ကြာပြီ ။ အခု တိုက်ပွဲလည်းဖြစ် လူတွေလည်း ဖမ်းဆိုတော့ ဒေသခံတွေလည်း တော်တော် စိတ်ပူ နေတယ် ။ ဒီမနက် ပြန်လွှတ်လာပြီ လို့ ကျမ ဖုန်းနဲ့ ဆက်သွယ်တော့ သူတို့ပြောပြပါတယ် ” ဟု ဒေါ်နန်းဝါနုက ပြောသည်။

ဖမ်းဆီး ခံရသူများမှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလုံးဟိန်နန္ဒ ၊ စိုင်းအ ၊ လုံးကောလီ ၊ ကိုထွန်း ၊ စိုင်းနာရတ္တ ၊ စိုင်းကောလိန်ည နှင့် စိုင်းခေးဟိန်တ တို့ဖြစ်ကြောင်း ဒေါ်နန်းဝါနု ကပြောပါသည် ။

အဆိုပါ အဖမ်းခံရသူ ရ ဦးအနက် စိုင်းကောလိန်ည မှာအသက် ၁၅ နှစ်သာ ရှိသေးသည်ဟု လည်း သိရသည်။

ကွန်ဟိန်း မြို့နယ် အတွင်းရှိ ဆိုင်ခေါင် ၊ ၀မ်လော စသည့် ကျေးရွာများတွင် သြဂတ်စ်လ ၂၅ ရက် နေ့ မနက်ပိုင်းက တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကွန်ဟိန်းမြို့ အတွင်းမှလည်း ပေါက်ကွဲသံများ ကြားနေ ရကြောင်း ဒေသခံ အချို့က ပြောသည်။

သြဂတ်စ်လ ၂၅ ရက်နေ့ တိုက်ပွဲများနှင့် ပတ်သက်၍ RCSS/SSA မှ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလှ က - တိုက်ပွဲဖြစ်တာ ၂ နေရာတဲ့ ပိန်းခန်ရွာ နဲ့ ဆိုင်းခေါင် ရွာနားမှာ လို့ ပြောတယ် ။ အချိန်က မနက် ပိုင်းမှာ တကြိမ် ညနေပိုင်းမှာ တကြိမ် လို့ပဲ ပြောလာတယ် ။ အသေ အပျောက်တော့ မသိရသေးဘူး ။ အင်အားတွေ ဆက်တိုး လာနေတယ် လို့လည်း ကြားတယ် ။ - ဟု ပြောသည် ။

သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီမှာ အစိုးရနှင့် ၂၀၁၁ က ပြည်ထောင်စု အဆင့် အပစ် ခတ်ရပ်စဲရေး ပြုလုပ်ထားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ကိုလည်း လက်မှတ် ရေးထိုးမည်ဟု ကြေငြာထားသည့် အဖွဲ့အစည်း ဖြစ်ပါသည် ။

နောက်ဆုံး ကြားသိထားသော သတင်းများအရ ကွန်ဟိန်းမြို့နယ် အတွင်း တပ်မတော်မှ စစ်အင် အား တိုးချဲ့မှုများ ပြုလုပ်လျက် ရှိနေကြောင်း ဒေသခံများမှ သျှမ်းသံတော်ဆင့်သို့ အတည်ပြု ပြောဆိုသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment