လမ်းဘေး ဂီတာသမားနှင့် သီချင်းဆိုခဲ့သည့် အဲရိုးစမစ်တီးဝိုင်း အဆိုတော် (ရုပ်သံ)

ရုရှားနိုင်ငံ မော်စကိုက ကံကောင်းတဲ့ လူတချို့ကတော့ ကမ္ဘာကျော် အဲရိုးစမစ်တီးဝိုင်းက အဆိုတော် စတီဗင်တိုင်လာ လမ်းဘေးမှာ သီချင်းဆိုနေတာကို မြင့်တွေ့ခွင့်ရခဲ့ပါတယ်။
လမ်းဘေးမှာ သီချင်းဆိုနေတဲ့ ဂီတာသမားတဦးကို အသက် ၆၇ နှစ်အရွယ် တိုင်လာက ကြည့်နေစဉ် လူအုပ်က သူ့ကို သီချင်းဆိုဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
လမ်းဘေးမှာ သီဆိုနေတဲ့ ဂီတာသမားက ဒါဟာ တိုင်လာမှန်း မသိရှာဘူးလို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး ရုရှားသတင်းတွေမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၄ ရက်က ဒီလို သီချင်းသီဆိုနေတဲ့ ဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကို ယူကျူပေါ် တင်ခဲ့အပြီး သိန်းချီတဲ့လူတွေ ကြည့်ရှုခဲ့ပါတယ်။
I Don’t Want to Miss a Thing ဆိုတဲ့ သီချင်းကို မော်စကိုမြို့ထဲ လမ်းလျှောက်သွားစဉ် လမ်းဘေးမှာ ဂီတာတီးနေတဲ့ ဂီတာသမားတဦးနဲ့ သီဆိုခဲ့တာ ဖြစ်ပါတယ်။
အဲရိုးစမစ် တီးဝိုင်းဟာ စက်တင်ဘာ ၅ ရက် မော်စကိုမှာ အခမဲ့ စင်တင်ဖျော်ဖြေပွဲအတွက် ရုရှားကို ရောက်ရှိနေပါတယ်။
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment