ဘာစီလိုနာ ကစားသမား မာရှေယာနို ဟာ အခွန်ရှောင်မှုနဲ့ တရားစွဲဆို ခံနေရပါတယ်။
မာရှေယာနိုဟာ အခွန် ယူရို ၁ သန်းခွဲ ပေးဆောင်ဖို့ ပျက်ကွက်မှုနဲ့ စပိန် အခွန် အာဏာပိုင်တွေက တရားစွဲဆိုထားတာပါ။
မာရှေယာနိုဟာ ၂၀၁၁ မှာ အခွန်ဆောင်ဖို့ ယူရို ၆ သိန်းနီးပါးနဲ့ ၂၀၁၂ မှာ ယူရို ၉ သိန်းကျော် ပေးဆောင်ဖို့ ပျက်ကွက်တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။
အခုကိစ္စအတွက် ဘာစီလိုနာ ကစားသမားက တရားဝင် ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။
မာရှေယာနိုရဲ့ ဘာစီလိုနာ အသင်းဖော် ဘရာဇီးသား နေမာဟာလည်း အခွန်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။
အသက် ၃၁ နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် မာရှေယာနိုဟာ လီဗာပူးကနေ ဘာစီလိုနာကို ၂၀၁၀ ခုနှစ်မှာ ပြောင်းရွှေ့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
DVB Burmese
0 comments:
Post a Comment