ဗိုက်အဆီကို အမြန်ဆုံးကျနိုင်မယ့် နည်းလမ်း ( ၆ )သွယ်


ဝမ်းဗိုက်အဆီဆိုတာ အန္တရာယ်အများဆုံး အဆီတစ်မျိုးဖြစ်ပြီး ရောဂါတွေ တစ်ခုပြီး တစ်ခု ၀င်လာတော့မယ်ဆိုတဲ့ အရိပ်လက္ခဏာပါပဲ။ဗိုက်အဆီထွက်ခြင်း ရဲ့ အဓိက တရားခံတစ်ယောက်ကတော့ စိတ်ဖိစီးမှုဖြစ်ပါတယ်။ စိတ်ဖိစီးမှုဖြစ်ရင် ခန္ဓာကိုယ်က cortisol ကော်တီဇို ဟော်မုန်းပိုထွက်ပြီး cortisol ဟော်မုန်းက ကယ်လိုရီလောင်ကျွမ်းပေးတဲ့ ခန္ဓာကိုယ်ကြွက်သားတစ်သျှူးတွေကို ဖျက်ဆီးလိုက်ပါတယ်။
ဒီလိုနဲ့ ဝမ်းဗိုက်တစ်ဝိုက်မှာ အဆီတွေကို စုပြုံစေ ပါတယ်။ နေ့ စဉ်စားတဲ့ အစားအသောက်ကလည်း ဗိုက်အဆီ ထွက်လာတာရဲ့ အဓိကတရားခံဖြစ်ပြီး ဗိုက်ကျချင်လို့ အစာလျှော့စားပေမယ့် လုံလုံလောက်လောက် မစားရလို့ မ၀မလင်နဲ့ စိတ်ညစ်နေရပြန် ရင်လည်း cortisol ကထွက်လာပြီး ဒုက္ခပေးဦးမှာပါ။
ဒါဆိုရင် ဗိုက်အဆီတွေကို ဘယ်လိုပြန်ခြေဖျက်မလဲ။ Forbes မဂ္ဂဇင်းကတင်ဆက်ထားတဲ့ ဗိုက်အဆီ ကို အမြန်ဆုံးကျနိုင်မယ့် နည်းလမ်း ခြောက်သွယ်ကို ပြန်လည်မျှဝေလိုက်ပါတယ်။
၁။ ၀၀လင်လင်အိပ်စက်ပါ
အလုပ်တွေ များနေလို့ ညဘက်ထိ လုပ်တတ်လား။ သင့်ခန္ဓာကိုယ်ကို ထိန်းချုပ်ထားတဲ့ ဇီဝရစ်သမ် ရပ်နားသွားတဲ့အချိန်မှာ အစားအသောက်တွေကို ပိုစားတတ်တာကလည်း ဗိုက်အဆီထွက်ခြင်းရဲ့ တရားခံပါပဲ။ ဒီ့အပြင် အိပ်ရေးပျက်ခြင်းက ဟော်မုန်းထုတ်လုပ်မှုပမာဏကို ပြောင်းလဲပစ်ပြီး cortisol ပမာဏ ပိုမိုမြင့်တက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်အလှကို ရချင်တယ်ဆိုရင်တော့ ညဘက် ၇ နာရီလောက် အိပ်စက်ပေးတာက အကောင်းဆုံးနည်းလမ်းပါပဲ။
၂။ အပေါ့စားလေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ
လူတိုင်းက တစ်နေ့ ကို နှစ်နာရီလောက် အားကစားခန်းမ သွားမကစားနိုင်ပါဘူး။ ဒါပေမယ့် ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆီတွေကို လောင်ကျွမ်းစေဖို့ အတွက် လိုအပ်တဲ့ ကိုယ်လက်လှုပ်ရှားမှုကိုတော့ အလွယ်တကူ လုပ်နိုင်ပါတယ်။ အလွယ်တကူ လုပ်နိုင်မယ့် လေ့ကျင့်ခန်းတွေကတော့ ငါးမိနစ်လောက် ပတ်ပြေးတာ၊ ရုံးခန်းတစ်ဝိုက်၊ ဒါမှမဟုတ် ကားပါကင်တစ်ဝိုက် ခပ်ဖွဖွပြေးပေးတာမျိုး၊ ကြိုးခုန်တာ၊ ထိုင်ထ လေ့ကျင့်ခန်း လုပ်တာမျိုးနဲ့ ကိုယ့်အကြိုက်သီချင်းတစ်ပုဒ်လောက်နဲ့ လိုက်က လိုက်တာမျိုးက လူတိုင်း လွယ်လွယ်ကူကူလုပ်နိုင်ပါတယ်။
၃။ ပြုပြင်ထုတ်လုပ်ထားတဲ့ ဆေးသကြား၊သကြားပါဝင်တာတွေကို ရှောင်ပါ
အချိုရည်တွေမှာပါတဲ့ သကြားနဲ့ ဖျော်ရည်အဆီတွေက ၀ိတ်တက်ခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ကယ်လိုရီစားသုံးမှုကို လျှော့ချပြီး အာဟာရဖြစ်စေမယ့် ပရိုတင်း၊ အသီးအရွက်၊ အစေ့အဆန် တို့ ကို စားသုံးပေးပါ။ အဆာပြေ၊သရေစာတွေ မစားဘဲ တကယ် အာဟာရဖြစ်စေတဲ့ ဒိန်ချဉ် လိုမျိုး အစားအစာမျိုး စားသုံးပေးပါ။ နောက်တစ်နည်းကတော့ မနက်ဘက် စားသုံးတဲ့အစားအစာမှာ သစ်ကြပိုးခေါက်ကို ထည့်စားပေးပါ။ သစ်ကြံပိုးခေါက်ကာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အစာအိမ်အတွင်းမှာ အစာတွေကို အချိန်ကြာကြာပိုရှိစေကာ၊ တော်တော်နဲ့ မဆာဘဲ ဗိုက်ပြည့်နေတတ်ပါတယ်။
၎။ ဗီတာမင်စီ စားပေးပါ
စိတ်ဖိစီးမှုအလွန်များနေတယ်ဆိုရင် ကော်တီဇုန်းဟော်မုန်းကို ပိုထုတ်ပေးပြီး ဗီတာမင်စီက ကော်တီဇုန်း ပမာဏကို ပြန်လည်ထိန်းညှိပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ carnitine ဆိုတဲ့ ခန္ဓာကိုယ်ကဒြပ်ပေါင်းတစ်မျိုး ထွက်ဖို့ အတွက်လည်း စွမ်းဆောင်နိုင်ပြီး carnitine က အဆီတွေကို လောင်ကျွမ်းပေးနိုင်တာပါတယ်။
၅။ အဆီ စားပေးပါ
ဟုတ်ပါတယ်။ နားကြားမလွဲပါဘူး။ သကြားကပဲ သင့်ကို ၀စေတာပါ။ အဆီမဟုတ်ပါဘူး။ ခန္ဓာကိုယ်ဟာ ဇီဝဖြစ်စဉ်တွေအတွက် Omega 3 fatty-acid လို့ ခေါ်တဲ့ မပြည့်ဝဆီ ကိုလိုအပ်ပြီး ဆယ်လ်မွန်၊တူနာ၊ ငါးသေတ္တာငါး စတဲ့ ငါးတွေက ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ fatty-acid ပါဝင်မှုများပြားပါတယ်။ သစ်စေ့တွေကနေရတဲ့ ဆီကလည်း အိုမီဂါသရီး fatty-acid ပေါကြွယ်ဝပါတယ်။ ဒါပေမယ့် ဒီသစ်စေ့တွေဟာ ကယ်လိုရီအမြောက်အများပါဝင်တာမို့ အချင့်အချိန်နဲ့ စားသင့်ပါတယ်။
၆။ အသက်ကို ဖြေးဖြေးညှင်းညှင်းရှူပေးပါ
စိတ်ဖိစီးမှုများတဲ့သူတွေဟာ အသက်ကို ပြတ်တောင်းပြတ်တောင်းနဲ့ မြန်မြန်ရှူထုတ်လေ့ရှိပါတယ်။ ၀မ်းဗိုက်ကို သက်တောင့်သက်သာထားပြီး အသက်ရှုထုတ်မှုကို ဖြေးညှင်းစွာလုပ်ပေးပါ။ အသက် ရှုသွင်း ချိန်ထက် အသက်ရှူထုတ်ချိန်မှာ ဖြေးညှင်းပေးတာက ပိုထိရောက်ပါတယ်။
Ref: forbes
Source:trend.com.mm

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment