ကမ္ဘာ့လူဦးရေ ၃ ယောက်မှာ ၁ ယောက်ဟာ အာဟာရချို့တဲ့နေပြီး ယင်းပြသနာဟာ ကမ္ဘာ့နိုင်ငံတိုင်းမှာ ဖြစ်နေကြောင်း အစီရင်ခံစာ အသစ်တစ်ရပ်အရ ဆိုပါတယ်။
အာဟာရချို့တဲ့မှုပြသနာ ဖြေရှင်းဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းတွေမှာ ငွေကြေး၊ ကျွမ်းကျင်ပညာရှင်များ သို့မဟုတ် နိုင်ငံရေး ဖိအားပေးမှု မရှိတာကြောင့် အထမမြောက်ဘူးလို့ သုတေသနပညာရှင်များက ဆိုပါတယ်။ ကျွန်ုပ်တို့ထဲ ၃ ယောက်မှာ ၁ ယောက် ထိန်ချန်ထားခြင်းခံရတဲ့အခါ မိသားစုတွေ၊ အဖွဲ့အစည်းများနဲ့ တိုင်းနိုင်ငံတွေအနေနဲ့ ကျွန်ုပ်တို့ ရှေ့ဆက်မတိုးနိုင်ကြတော့ဘူးလို့ ယင်းလေ့လာမှုကို ဦးစီးဦးဆောင်သူနဲ့ International Food Policy Research Institute မှ အကြီးတန်းသုတေသနအဖွဲ့ဝင်ဖြစ်သူ Lawrence Haddad က ပြောဆိုခဲ့ပါတယ်။
ကလေးဘဝ အညွန့်တုံးအောင်လုပ်ခြင်းနဲ့ အခွင့်အရေးများ ချုပ်တည်းထားခြင်းဟာ ပြင်းထန်တဲ့ ပြသနာဖြစ်နေဆဲပါ။ တစ်ကမ္ဘာလုံးရှိ အသက် ၅ နှစ်အောက်အရွယ် ၁၆၀ မီလျံကျော်သော ကလေးတွေဟာ သူတို့အသက်နဲ့ ယှဉ်ရင် အရပ် အလွန်ပုနေကြပါတယ်။
တစ်ချိန်တည်းမှာ ၅၀ မီလျှံကျော်ဟာလည်း သူတို့အရပ်အမြင့်နဲ့ အလေးချိန် အံကိုက်မှုမရှိကြောင်း သုတေသီများက ဆိုပါတယ်။ တိုင်းနိုင်ငံတွေဟာ လူညွန့်တုံးစေခြင်းနဲ့ အခွင့်အရေး ထိန်းချုပ်ခံရခြင်းကို တွန်းလှန်တိုက်ခိုက်မှု ပိုပိုပြီးအောင်မြင်နေကြပေမယ့် လူကြီးအဝလွန်ခြင်း (အာဟာရချို့တဲ့ခြင်းတစ်မျိုး) ပိုများလာကြောင်း နယူးရော့ခ်မြို့က Global Nutrition Report က ဆိုပါတယ်။
Ref: Indiatimes
Source:trend.com.mm
0 comments:
Post a Comment