ဖရူဆို စက်တင်ဘာ ၂၇
ကယားပြည်နယ် ဖရူဆိုမြို့အဝင် ဆိုင်းဘုတ်အနီး လွိုင်ကော်-မော်ချီး ကားလမ်းမ၌စက်တင်ဘာ ၂၇ ရက် နံနက် ၈ နာရီခန့်က ကုန်တင်ယာဉ် တစ်စီး မရှိန်မထိန်းနိုင်၍ ယာဉ်တိမ်း မှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာလွိုင်ကော်မြို့ မင်္ဂလာ ရပ်နေ ဦးမီရယ်(ခ) ဖိုးသာထူး(၃၆နှစ်) မောင်းနှင်လာသော အဖြူရောင်ဖူဆို အမျိုးအစား ကုန်တင်ယာဉ်မှာ ဖရူ ဆိုမြို့အဝင် ဆိုင်းဘုတ်အနီး လွိုင်ကော်-ဘော်လခဲ ကားလမ်းမ ဝဲဘက်လမ်းဘေးသို့ အရှိန်မထိန်း နိုင်၍ တိမ်းမှောက်သွားရာ ယာဉ် မောင်း ဦးမီရယ်(ခ) ဖိုးသာထူး၊ ယာဉ်နောက်လိုက် ဦးကိုဝင်းတို့ ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိ၍ ဖရူဆို မြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ ကုသစေခဲ့သည်။
ယင်းအမှုကို ဖရူဆို မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဦးကျော် (ဖရူဆို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
0 comments:
Post a Comment