အိတ်ဆောင် အလှကုန်ပစ္စည်းများအစား သုံးပြီးသား ကော်ဖီမှုန့်တွေဟာ အကောင်းဆုံး အလှအပဆိုင်ရာ အသုံးဆောင်တစ်ခုပင်ဖြစ်ပါတယ်။
ဒါက အနည်းအငယ် အဆင်မပြေမှု ရှိနိုင်ပေမယ့် တကယ်တော့ သုံးပြီးသားကော်ဖီမှုန့်တွေမှာ ခန္ဓာကိုယ်အလှအပ ထိန်းသိမ်းခြင်းနဲ့ ပတ်သက်ရင် ကောင်းမွန်တဲ့ အသုံးပြုမှုတွေ ရှိနေပါတယ်။
လက်တွေ အနံ့ဆိုးမထွက်အောင် လုပ်နိုင်တယ်။ လက်ကို လိမ်းပြီး စက္ကန့် ၃၀ လောက်ထားကာ ရေဖြင့် ပြန်ဆေးချရုံလေးပါပဲ။
သုံးပြီးသား ကော်ဖီမှုန့်ကို တိုက်ချွတ်ဆေးတစ်ခု အနေနဲ့လည်း အသုံးပြုပါ။ အရေပြားချောမွေ့စေဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ယင်းမှာပါတဲ့ ကဖီးဓာတ်မှာ အရေပြား တင်းတင်းရင်းရင်းဖြစ်စေတဲ့ သတ္တိတွေပါဝင်ပါတယ်။
ခန္ဓာကိုယ် အနံ့ဆိုးမထွက်စေဖို့ ဘော်ဒီတိုက်ချွတ်ဆေးတစ်ခုအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
ကဖီးဓာတ်ကို မလိုလားအပ်တဲ့ အဆီတွေ ဖယ်ရှားပေးတယ်လို့ သတ်မှတ်ထားပါတယ်။ နောက်ပြီး အရေပြားချောမွေ့ဖို့ အဟန့်အတားစေတဲ့ မလိုလားအပ်တဲ့ cellulite အဆီများကို လျော့ချပေးပါတယ်။
ယင်းအမှုန့်ကို ခေါင်းလိမ်းပေးတာကလည်း ဆံပင်ကို ပိုမိုတောက်ပ စေပါတယ်။ ပေါင်းတင်ဆေးကဲ့သို့ အသုံးပြုပေးပါ။ ဆံပင်မှာလိမ်း၊ ၁၅ မိနစ်ထားပြီး ရေဖြင့် ပြန်ဆေးချပေးရပါမယ်။
Ref: TOI
Source:trend.com.mm
0 comments:
Post a Comment