ဂတ်စ်နှင့် ရေနံပိုက်လိုင်းကြောင့် ရေလှောင် ကာရီပျက်စီး၍ ရခိုင်ဒေသခံများ ဆန္ဒဖော်ထုတ်မည်


( တရုတ်၏ ဂတ်စ်နှင့် ရေနံပိုက်လိုင်း စီမံကိန်းသည် ဒေသခံများအတွက် အကျိုးမရှိဟု ရခိုင်ဒေသခံများက ပြောဆိုသည်။ ယခု ဓာတ်ပုံသည် တရုတ်စီမံကိန်း အခြေစိုက်ရာ မဒေးကျွန်း ဒေသခံများ တရုတ်ကုမ္ပဏီကို ၂၀၁၃ ဧပြီလ ၁၈ ရက်နေ့က ကန့်ကွက်နေသည့် ဓာတ်ပုံ ဖြစ်ပါသည်။ Photo by Narinjara)
 ရန်ကုန်၊ စက်တင်ဘာ ၁၁

 ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တောင်ဖလာ ကျေးရွာ အုပ်စုတွင် တရုတ်ကုမ္ပဏီ China National Petroleum Corporation (CNPC) ၏ ဂတ်စ် ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းကြောင့် ဒေသခံများ လုပ်ကိုင်စားသောက်နေသော ပုဇွန်ကာရီ ပျက်စီး သွားသော်လည် ပြန်လည် မပြုပြင်ပေးသည့် အတွက် စက်တင်ဘာ ၁၆ ရက်နေ့၌ ဆန္ဒဖော်ထုတ် ကန့်ကွက်သွားမည်ဟု သတင်းရရှိသည်။

ဆန္ဒဖော်ထုတ်ခွင့် ရရှိရန် အတွက် စက်တင်ဘာလ ၁၀ ရက်နေ့က မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ခွင့်ပြုချက် တင်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

“ ပျက်စီးသွားတဲ့ ကာရီတွေကို ပြန်လည်ပြုပြင်ပေးဖို့ စာနဲ့ အကြိမ်ကြိမ် တိုင်ကြားတယ်။ ဒေသခံတွေကို သူတို့က ဘာမှ ဂရု မစိုက်ဘူး။ ဒီစီမံကိန်းကြောင့် ဒေသခံတွေ အကျိုးမခံစားရတဲ့ အပြင် ရှိနေတဲ့ အခွင့်အရေးတွေပါ ဆုံးရှုံးနေတယ်။ ဒါကြောင့် စက်တင်ဘာ ၁၆ရက်နေ့မှာ ဆန္ဒဖော်ထုတ်ဖို့ အတွက် သက်ဆိုင်ရာမှာ ခွင့်ပြုချက် တင်လိုက်ပါပြီ” ဟု အမ်းမြို့နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဌ ကိုမျိုးလွင်က နိရဉ္စရာသို့ ပြောသည်။

ကျော်ဝင်း (ကျောက်ဖြူ)
Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment