ဘွဲ့ရပညာတတ်ဆိုတာ……




တစ်ခါတုန်းက လူငယ်လေးတစ်ယောက်ဟာ သူ့ရဲ့ပထမဆုံးအလုပ်ဝင်ရမဲ့ရက်မို့လို့ တက်ကြွစွာနဲ့ သူအလုပ်လုပ်ရမဲ့ စူပါမားကတ်ကိုရောက်လာပါတယ်။

စူပါမားကတ်မန်နေဂျာက ကောင်လေးကိုတွေ့တာနဲ့“Smith Supermarket” မှကြိုဆိုပါတယ်လို့ပြောပြီး
တံမြက်စည်းတစ်ချောင်းကို ပေးလိုက်ပါတယ်။“မင်းပထမဆုံး ကြမ်းပြင်ကို တံမြက်စည်းလှည်းလိုက်ပါ”
လို့ပြောလိုက်ပါတယ်။”

ကောင်လေးကအရမ်းအံ့သြသွားပြီး “ကျွန်တော်ကတက္ကသိုလ်ဘွဲ့ရလေဗျာ” လို့ပြန်ပြောလိုက်ပါတယ်။

မန်နေဂျာ ပြန်ပြောလိုက်တဲ့စကားကတော့ “အိုး ဟုတ်သားပဲ !!မင်းကတက္ကသိုလ်ဘွဲ့ရဆိုတာ ငါမေ့နေတာပဲ!!!ကဲကဲ ငါ့ကို တံမြက်စည်းပြန်ပေး ၊ငါမင်းကိုဘယ်လိုလှည်းရလဲဆိုတာပြပေးမယ်” တဲ့။

(လောကကြီးမှာ ဘာကြီးပဲဖြစ်နေပါစေ ကိုယ်နဲ့မရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခုမှာ အလုပ်လုပ်ရတော့မယ်ဆိုရင်အရာအားလုံးကိုသင်ယူရပါတယ်။ သင်ဘာနဲ့ပဲဘွဲ့ရရ
သင့်ရဲ့ပထမဆုံးနေ့မှာ အထက်ပါကောင်လေးလိုမျိုးပြုမူလို့ကတော့နောက်ဆိုသင့်ကိုဘယ်သူကမှ ဘာမှသင်ပေးတော့မှာမဟုတ်ပါဘူး။သင့်ကို တံမြက်စည်းကြီးပဲ အမြဲလှဲခိုင်းနေရင်တော့
နောက်ပိုင်းမှာ သင်ယဉ်ကျေးစွာ ဆင်ခြေတက်လို့ရပါတယ်။ဒါပေမဲ့အလုပ်ဝင်ဝင်ခြင်းမှာတော့ အလုပ်မှာရှိပြီးသားသူတွေအမြင်မကတ်အောင်နေတတ်ရပါတယ်။ဖားရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။

ဆိုရိုးလေးတစ်ခုရှိပါတယ်။ “ဆယ်တန်းအောင်ဖို့မလိုဘူးအလိုက်သိဖို့ပဲ လိုပါတယ်”တဲ့။ သင်အထက်လူကြီးဖြစ်လာတဲ့အခါကျရင်လည်း အလိုက်သိတဲ့ အောက်လက်ငယ်သားတွေကို
သင်ပိုပြီးသဘောကျတာကို တွေ့ရပါလိမ့်မယ်။မိမိအလုပ်ကိုလည်း တာဝန်ကျေ အလိုက်လည်း
သိတဲ့သူမျိုးဆို ဘယ်အလုပ်ရှင်မှလက်မလွှတ်ချင်ပါဘူး။ကိုယ့်ဘက်ကလည်း တာဝန်ကျေတဲ့အတွက် ဘယ်သူ့ကိုမှစိတ်ထဲကကြောက်နေစရာမလိုပါဘူး။ ကိုယ့်ဘက်က
တောင်းဆိုစရာတွေရှိလာတဲ့အခါမှာလည်းရဲရဲဝင့်ဝင့်တောင်းဆိုလို့ရပါတယ်။ ကဲအလုပ်အသစ်မှာ
မာန်မာနလေးတွေ ခ၀ါချပြီးအဆင်ပြေကြပါစေဗျာ။

Credit: မိုးရှင်း (I.M.T)
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment