ယခုလအတွင်း အလုပ်ရှင်နှင့်အလုပ်သမားအကြား အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်မချုပ်ဆိုနိုင်ပါက နှစ်ဖက်စလုံးအား အရေးယူမည်ဟုဆို




စက်တင်ဘာ လအတွင်းတွင် အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်မချုပ်ဆိုနိုင်ပါက လုပ်ငန်းရှင်များ အပြင် အလုပ်သမားများပါ အရေးယူမှုပြု လုပ်သွားမည်ဟု အလုပ်သမား၊ အလုပ်အ ကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှ သိရသည်။

စက်တင်ဘာလဆန်းက ထုတ် ပြန်ထားသော အချက် ၂၁ချက်ပါ အလုပ် ရှင်၊ အလုပ်သမားအလုပ်ခန့်ထားမှုသဘော တူစာချုပ်အား ယခုလ ၃ဝရက်မတိုင်ခင် ချုပ်ဆိုခြင်းမပြုပါက အပြစ်ပေးအရေးယူမှု များပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ''အရင်ကတော့ အချက် ၁၈ ချက်ပါတဲ့ အလုပ်ခန့်စာချုပ်ရှိ တယ်။ အခုဟာကတော့ ၂၁ချက်ပေါ့။ တကယ်လို့ အလုပ်သမားတွေရဲ့ဝင်ငွေက လက်ရှိသတ်မှတ်လိုက်တဲ့ အနည်းဆုံးအခ ကြေးငွေထက် နည်းနေရင်တော့ ပြန်ချုပ်ရ မယ်။ များနေရင်တော့ ချုပ်စရာမလိုဘူး ပေါ့။ အခုလကုန်လို့မှ စာချုပ်မချုပ်ရင်တော့ အရေးယူသွားမယ်''ဟု ပြောသည်။

အဆိုပါအလုပ်ခန့်ထားမှုဆိုင် ရာ စာချုပ်မချုပ်ဆိုပါက လုပ်ငန်းခွင်ကျွမ်း ကျင်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဥပဒေ အရ ထောင်ခြောက်လအထိချမှတ်နိုင်သည့် အပြင် ငွေဒဏ်များလည်းချမှတ်နိုင်ကြောင်း သိရသည်။ သို့သော် ယင်းစာချုပ်ပါအချက် အလက်တချို့ကြောင့် အလုပ်ရှင်များနှင့်အ လုပ်သမားများကြား အငြင်းပွားမှုများဖြစ် ပွားနေကြောင်း သိရသည်။

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်လင်းက ''ဝန် ကြီးဌာနကချထားပေးတာက ဖယ်ရီစီစဉ် ပေးရင်ပေး၊ မပေးရင် မိမိအစီအစဉ်နဲ့သွား ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်။ မိမိအစီအစဉ် ဆိုတဲ့တစ်ချက်ကပိုနေတယ်။ ဝန်ကြီးဌာန အနေနဲ့ တစ်နိုင်ငံလုံးကို မူဝါဒနဲ့သွားတာ မျိုးမဟုတ်တော့ဘဲနဲ့ အလုပ်ရှင်နဲ့အလုပ် သမားကြားအချင်းချင်းပဲ ဆက်ဆံရေးတည် ဆောက်ကြဆိုတဲ့ပုံစံမျိုး ဖြစ်နေတယ်။ တ ကယ်လို့ စာချုပ်မချုပ်နိုင်ရင် အကျိုးဆက်တွေ က ဘာတွေဖြစ်လာမလဲ။ အစိုးရဘယ်လို တာဝန်ခံမလဲ။ ဒါတွေကိုကြိုမမြင်ခဲ့ဘူးလား'' ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံရှိလုပ်ငန်း ရာခိုင်နှုန်း၉ဝခန့်ကအလုပ်ခန့်ထားမှုဆိုင် ရာစာချုပ်ချုပ်ဆိုမှုမရှိကြောင်း သိရသည်။

စိုးမြင့်နိုင် - FlowerNewsJournal‬
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment