အက်စ်ပန်ညိုနဲ့ပွဲမှာ ၅ဂိုးသွင်းပြီး ရာအူးလ်ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့ ရော်နယ်ဒို




မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်စ်ပန်ညိုနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ လာလီဂါ ပွဲစဉ်မှာ ရော်နယ်ဒိုက တစ်ယောက်တည်း ၅ဂိုအထိ သွင်းယူပြီး ရာအူးလ်ရဲ့ ရီးရဲလ်အတွက် လာလီဂါ ဂိုးအများဆုံး သွင်းဂိုးစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုက ရီးရဲလ်အတွက် ၂၀၄ပွဲ ကစားအပြီးမှာ ဂိုး၂၃၀ သွင်းယူနိုင်ခဲ့တဖြစ်ပြီး ရာအူးလ်က ပွဲ၅၅၀ ကစားအပြီးမှာ ၂၂၈ဂိုး သွင်းယူနိုင်ခဲ့တာပါ။

ရော်နယ်ဒိုက အဆိုပါပွဲစဉ်မှာ ဟတ်ထရစ် သွင်းနိုင်ခဲ့လို့ လာလီဂါမှာ ဟတ်ထရစ် ၃၂ကြိမ်အထိ ရရှိထားပြီး မက်ဆီရဲ့ လာလီဂါ ဟတ်ထရစ် စံချိန်ကို လိုက်မီခဲ့ပါတယ်။


ရီးရဲလ်က ၆-၀နဲ့ အနိုင်ရခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ ဘင်ဇီးမားက တစ်ဂိုးသွင်းယူခဲ့တာပါ။

ရော်နယ်ဒိုက ပွဲချိန် ၇မိနစ်၊ ပွဲချိန် ၁၇မိနစ်မှာ ပင်နယ်တီက တစ်ဆင့်၊ ပွဲချိန် မိနစ်၂၀တို့မှာ ၃ဂိုးဆက် သွင်းယူခဲ့ပြီး ဘင်ဇီးမားက ၂၈မိနစ်မှာ ဘင်ဇီးမားက တစ်ဂိုး သွင်းယူခဲ့တာပါ။

ပွဲချိန် ၆၁မိနစ်မှာ မိနစ် ၈၀တို့မှာ ရော်နယ်ဒိုက နှစ်ဂိုး ထပ်မံ သွင်းယူခဲ့လို့ ရော်နယ်ဒို ၅ဂိုးအထိ သွ၈်းယူနိုင်ခဲ့ပြီး ရီးရဲလ်က ၆-၀နဲ့ အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

Source: PlanetMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment