အာဖဂန်မှာ တာလီဘန်တွေ ၀င်ရောက်တိုက်ခိုက်


  အာဖဂန်နစ္စတန်နိုင်ငံရဲ့ မဟာဗျူဟာကျတဲ့ Kunduz မြို့ကို တာလီဘန်လက်နက်ကိုင်တွေက အရပ်မျှက်နှာ သုံးဘက်မှ တိုက်ခိုက်နေတယ်လို့ အာဖဂန်ရဲက ပြောပါတယ်။

သေဆုံးသူ အရေအတွက် အတိအကျ မသိရသေးပေမယ့် သေဆုံးသူတွေ များတယ်လို့ သတင်းမီဒီယာတွေက ပြောပါတယ်။

Kunduz မြို့ကို အခုလို တာလီဘန်တွေရဲ့ တိုက်ခိုက်မှုဟာ ဒီနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ပါတယ်။

လူ ၉ ဦးသေဆုံးခဲ့တဲ့ Paktika ပြည်နယ် အရှေ့ပိုင်းမှာ အားကစားပွဲကို ဗုံးခွဲတိုက်ခိုက်ခဲ့အပြီး နောက်တနေ့မှာ အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ တာလီဘန်တွေက Kunduz မြို့ကို အရပ်မျှက်နှာအနှံ့အပြားမှ ပစ်ခတ်ခဲ့တယ်လို့ ပြောခွင့်ရရဲအရာရှိ Sayed Sarwar Hussaini က သတင်းထောက်တွေကို ပြောပါတယ်။

Khanabad, Chardara နဲ့ Imam Sahed စတဲ့ မြို့ရဲ့အဓိက ၀င်ပေါက် သုံးခုမှာ တိုက်ပွဲတွေပြင်းထန်နေပြီး သူတို့အနေနဲ့ လုံလောက်တဲ့အင်အားရှိပြီး တာလီဘန်တွေကို မကြာခင် တိုက်ထုတ်နိုင်မှာပါလို့ မစ္စတာ Hussaini က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သေဆုံးသူအရေအတွက်နဲ့ ပတ်သက်ပြီး အတည်မပြုနိုင်သေးဘဲ တိုက်ပွဲဖြစ်ပွားရာမှာ လူ ၂၁ ဦး သေဆုံးပြီး တာလီဖန်တွေဘက်က
၁၃ ဦး သေဆုံးကြောင်း Tolo သတင်းဌာနကို ဒေသခံအာဏာပိုင်တွေက ပြောကြားခဲ့ပြီး ရဲ ဘက်ကတော့ တာလီဘန်တွေဘက်က ၂၀ဦး သေဆုံးကြောင်း အေပီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment