အေသင်အောင်
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ ဓာတ်ဆီဆိုင် တစ်ဆိုင် ၀င်ရောက် လုပ်ကိုင်နေသော အမျိုးသမီး တစ်ဦးကို ဓားထောက်ပြီး ဓားပြတိုက်ခဲ့သော်လည်း အောင်မြင်ခြင်း မရှိဘဲ ဖမ်းဆီး ခံလိုက်ရကြောင်း သိရသည်။
ယင်း ဖြစ်စဉ်မှာ စက်တင်ဘာ ( ၁၈) ရက်တွင် ဖြစ်ပွားခဲ့ပြီး အမျိုးသမီးငယ်၏ သားဖြစ်သူ အသက် (၁၇)နှစ် အရွယ်ရှိ နာတီဟာတာယာက သံတုတ်ဖြင့် ဓားပြကို ခုခံကာ တိုက်ခဲ့ခြင်းကြောင့် ဓားပြမှာ ရဲများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။
အသက် (၃၂) နှစ် အရွယ်ရှိ ဓားပြ ဖြစ်သူ ဒန်းမှာနာတီ၏ မိခင်ဖြစ်သူ ကင်မ်စတီးဝပ်ထံမှာ ဓားထောက်ပြီး ငွေကြေး တောင်းခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကို နာတီက မြင်တွေ့ ပြီးနောက် ဓားပြကို တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။ မိခင်ဖြစ်သူသည် အသက် (၁၇)နှစ် သားဖြစ်သူ အတွက် စိုးရိမ်ခဲ့ပြီး ယခုလို သတ္တိရှိလိမ့်မည်ဟု ထင်မှတ်ထားခြင်း မရှိပေ။ နာတီသည် တာယာသံ တုတ်ဖြင့် ဓားပြ ဖြစ်သူကို ခုခံကာကွယ် ခဲ့ပြီး ရိုက်နှက်ခဲ့မှုကြောင့် ဓားပြမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိ သွားခဲ့သည်။ မိခင် ဖြစ်သူက သားဖြစ်သူ၏ ရိုက်နှက်မှုကြောင့် ဓားပြ အနေဖြင့် လည်ပင်း ကျိုးသွားလောက်သည်ဟု ထင်ခဲ့ကြောင်း၊ သားဖြစ်သူ၏ သန်မာမူကို အံ့အားသင့်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ နာတီက မိမိ အနေဖြင့် နောက်တစ်ကြိမ် ယခုလိုမျိုး ကြုံတွေ့ ပါက ကံကောင်းရန် မျှော်လင့်မိကြောင်း ဆိုသည်။ ယခု ဓားပြမှုကို ကျူးလွန်ခဲ့သူသည် ယခင်က ရာဇ၀တ်မှုများ ကျူးလွန် ခဲ့ဖူးပြီး အာမခံဖြင့် လွတ်မြောက်စဉ်မှာ နောက်ထပ် ရာဇ၀တ်မူ ထပ်မံ ကျူးလွန်ခြင်း ဖြစ်သည်။
Source...messengernewsjournal.com
0 comments:
Post a Comment