ကမ္ဘာ့အကြီးဆုံး ဂေါက်ကွင်း



ဂေါက်ကွင်း တစ်ကွင်း၏ အကျယ်အ၀န်းသည် အလွန် များပြားသည်ဟု သိရှိထားသော်လည်း ယခုလောက် အထိ ရှိလိမ့်မည်ဟု ထင်မှတ် ထားခြင်း မရှိပေ။
အေသင်အောင်
          အဘယ့်ကြောင့်ဆိုသော်  ဂေါက်ကွင်း တစ်ကွင်း၏ အရှည်သည် (၁၃၆၅) ကီလိုမီတာ အထိ ရှိသည်။ ယင်းကဲ့သို့ ဂေါက်ကွင်းကို သြစတြေးလျနိုင်ငံတွင် ဖန်တီး ထားခြင်း ဖြစ်သည်။ သြစတြေးလျနိုင်ငံသည် ကျယ်ဝန်းသော နိုင်ငံဖြစ်သည် နှင့် အညီ ကမ္ဘာ့အကြီးဆုံး ဂေါက်ကွင်းကို ဖန်တီး နိုင်ခဲ့သည်။ ကမ္ဘာ့လှည့် ခရီးသွားများ လာရောက်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ် ထားခြင်း ဖြစ်သည်။  မြောက်ပိုင်းနှင့် တောင်ပိုင်းကြားကို ဆက်စပ်ပေးသော နေရာတွင် ရှိနေပြီး (၁၈)ကျင်းကို ပြီးအောင် ကစားမည်ဆိုပါက (၄) ရက် အချိန်ယူရမည် ဖြစ်သည်။ တစ်ကျင်းနှင့် တစ်ကျင်းကို အလွန် ဝေးကွာသော နေရာများတွင် ထားရှိခဲ့ခြင်း ဖြစ်သည်။ ဂေါက်ရိုက်ရင်း အေးဆေးစွာ အနားယူရန် စီစဉ် ထားခြင်း ဖြစ်သည်။ ဂေါက်သီး ရိုက်ပြီး အပေါင်းအသင်းများနှင့် စကားစမြည် ပြောနိုင်ပြီး ပတ်ဝန်းကျင် ရှုခင်းများကိုလည်း တွေ့မြင် ခံစားရမည် ဖြစ်သည်။
          ယင်းကဲ့သို့ အရသာမျိုးကို အခြား ဂေါက်ကွင်းများတွင် ရနိုင်မည် မပာုတ်ပေ။ အခြားဂေါက်ကွင်းများသည် အပြင်အဆင် ပိုမို ကောင်းမွန်နိုင်သော်လည်း သဘာဝနှင့် နီးစပ်သည့် အခြေအနေမျိုး မရှိဘဲ ဖန်တီး ရယူထားခြင်း ဖြစ်သည်။ ယခုဂေါက်ကွင်းကို အယ်လ်ကာပူတိုက ဖန်တီးထားခြင်း ဖြစ်သည်။ ၂၀၀၉ တွင် စတင် ဖွင့်လှစ် ခဲ့ခြင်း ဖြစ်ပြီး ဂျာမနီ၊ ကနေဒါ၊ အမေရိကန် နိုင်ငံတို့မှ ဂေါက်သီးဝါသနာရှင် အများအပြား လာရောက် ကစားခဲ့ကြသည်။ အချို့သည် လမ်းလျှောက် ကစား ခဲ့ခြင်းကြောင့် ( ၁၈) ကျင်းကို ပြီးရန် ရက်ပေါင်းများစွာ အချိန်ယူရလေ့ ရှိသည်။ ဂေါက်ကွင်းတွင် သားပိုက်ကောင်များကိုလည်း တွေ့ရလေ့ ရှိသည်။ ထို့ပြင် ကျီးကန်းများကလည်း ဂေါက်သီးများကို ခိုးယူလေ့ ရှိသည်ပာု သိရသည်။
Source...messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment