ခေါင်း၂ လုံးရှိတဲ့ တိရစ္ဆာန်တွေ အများဆုံး စုဆောင်းနိုင်တဲ့ အတွက် ကမ္ဘာ့ဂရင်းနစ် စံချိန်တင်ထားသူ


Venice ကမ်းခြေက ထူးဆန်းထွေလာပြပွဲပိုင်ရှင် Todd Ray က ခေါင်း ၂လုံးနဲ့ ရှားပါးမြွေမျိုးဖြစ်တဲ့ Albino မြွေကို မကြာသေးခင်က ၀ယ်ယူခဲ့ပါတယ်။

ဖလော်ရီဒါမှာ ပေါက်ဖွားခဲ့တဲ့ လေးနှစ်အရွယ်ရှိ ခေါင်းနှစ်လုံးနဲ့ Honduran Milk မြွေအမျိုးအစား “Medusa” ကို ဒေါ်လာ ၅သောင်းပေးပြီး ၀ယ်ယူခဲ့တာဖြစ်ပါတယ်။

“သူ့ကို လွန်ခဲ့တဲ့လေးနှစ် မွေးကတည်းက လိုချင်ခဲ့တာပါ။ ကျွန်တော် ပိုင်ရှင်ကိုသွားတွေ့ပြီး ဈေးနှုန်းကတော့ မြင့်သထက်မြင့်သွားတာပါပဲ” လို့ Ray က Huffington Post ကို ပြောကြားထားပါတယ်။

Ray ဟာ ခေါင်း၂ လုံးရှိတဲ့ တိရစ္ဆာန်တွေ အများဆုံးစုဆောင်းနိုင်တဲ့အတွက် ကမ္ဘာ့ဂရင်းနစ်စံချိန်တင်ထားသူဖြစ်ပေမယ့် Medusa ကတော့ လုံးဝပြီးပြည့်စုံပါတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီမြွေဟာ ခေါင်း၂လုံးဆက်နေတဲ့ နေရာမှာ အတွန့်အလိမ်တစ်ခုမှ မရှိလို့ပါတဲ့။

National Geographic ကနေ မြွေအား ပထမဆုံးအစာကျွေးတဲ့ပုံကို ရိုက်ကူးမှတ်တမ်းထင်ထားခဲ့ပါတယ်။ အေးခဲထားတဲ့ ကြွက်တွေကို စားသောက်ခဲ့တာဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတာက ခေါင်း၂ လုံးဟာ အစာအတွက် လုယက်စားသောက်ခြင်း မရှိတာပါပဲ။

ခေါင်းတစ်လုံးကသာ အစားအသောက်အတွက် တက်တက်ကြွကြွ စားသောက်ပြီး အစာအတွက် လုယက်ယှဉ်ပြိုင်ကာ တစ်ကောင်ကိုတစ်ကောင်စားပြီး သေဆုံးသွားကြတဲ့ တစ်ခြားခေါင်း၂လုံးမြွေတွေနဲ့ မတူညီတာပဲဖြစ်ပါတယ်။

Ray က ခေါင်း၂လုံးမဆုံမိစေဖို့ ကြွက်ကို ၂ ပိုင်းပိုင်းပြီး ကျွေးခဲ့တာဖြစ်ပါတယ်။

Ray က Medusa ကို စနေနေ့မှာပြုလုပ်မယ့် Venice Beach ထူးဆန်းထွေလာပြပွဲမှာ ထုတ်ဖော်ပြသဖို့ ပြင်ဆင်နေပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
http://knowledge.thithtoolwin.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment