မိုဘိုင်းဖုန်းဂိမ်းတွေထဲမှာ ရေပန်းအစားဆုံးဖြစ်ခဲ့တဲ့ Angry Birds ရဲ့ ရုပ်ရှင်ကားနမူနာစတင်ထွက်ရှိလာပါပြီ။ The Angry Birds Movie 3D မှာ ငှက်တွေဘာလို့  စိတ်ဆိုးဒေါသထွက်နေကြလဲဆိုတာကို ပရိတ်သတ်တွေ သိရှိရမှာဖြစ်တယ်လို့  Rovio ကုမ္ပဏီနဲ့ ပူးတွဲထုတ်လုပ်သူ Sony Pictures Entertainment က ပြောကြားလိုက်ပါတယ်။
မကြာခင်ထွက်ရှိမယ့် The Angry Birds Movie မှာ Jason Sudeikis, Josh Gad, Peter Dinklage, Bill Harder စတဲ့ နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာက အသံနဲ့ အားဖြည့်ထားပြီး ဘတ်ဂျတ်ငွေပေါင်း ဒေါ်လာ သန်း ၈၀ လောက်သုံးစွဲထားတာဖြစ်ပါတယ်။
Angry Birds ဂိမ်းကိုရေးဆွဲသူကုမ္ပဏီဖြစ်တဲ့ Rovio ဟာ Angry Birds ဂိမ်းအောင်မြင်ပြီးနောက်ပိုင်းမှာ အခက်အခဲတွေနဲ့  ရင်ဆိုင်နေရပြီး ၂၀၁၄ ခုနှစ်မှာ ၀န်ထမ်းအင်အား ၁၃၀ ယောက် လျှော့ချခဲ့သလို၊ လွန်ခဲ့တဲ့ လတုန်းကလည်း နောက်ထပ် အလုပ်နေရာပေါင်း ၂၆၀ ကို လျှော့ချခဲ့ရပါတယ်။ Rovio ရဲ့ နောက်ဆုံးမျှော်လင့်ချက်လို့ ဆို နိုင်မယ့် The Angry Birds Movie ရုပ်ရှင်ကားကို လာမယ့် ၂၀၁၆ ခုနှစ်၊ မေလ ၂၀ ရက်နေ့ မှာ ဖြန့် ချိသွားမှာဖြစ်ပါတယ်။
Ref:theverge
Source....http://www.trend.com.mm/
0 comments:
Post a Comment