မိုင်းရှူးမြို့လယ် ဗုံးပေါက်ကွဲ ဒေသခံ ၄ ဦးဒဏ်ရာရ 21 October 2015 20:46(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)


 အောက်တိုဘာ ၂၁ ရက် ၂၀၁၅

 သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့ မြို့လယ်ကျောင်းတိုက်အနီး ဗုံးတလုံးပေါက်ကွဲရာ ကိုရင် ၂ ပါး၊ အဖွားအိုတဦးနှင့်အသက် ၁၂ အရွယ် မိန်းလေးငယ်တဦး ထိခိုက်ဒဏ်ရာရှိ သည်ဟုသိရသည်။

အောက်တိုဘာ ၂၁ ရက် ၂၀၁၅ ညနေ ၄ နာရီကျော်အချိန် မိုင်းရှူးမြို့ မြို့လယ်ကျောင်းတိုက် နှင့် သျှမ်းစာပေ ယဉ်ကျေးမှု ရုံးအနီး ဗုံးပေါက်ကွဲရာ၊ ထိုနေရာအနီးသွားလာသည့် ကိုရင်လေး နှစ်ပါး၊ အသက် ၇၅ နှစ်ရှိ မယ့်ထောက်လိတ် နှင့် စိုင်းစံညွှန့်၊ နန်းနွန်း တို့၏ သမီး အသက် ၁၂ နှစ်ရှိ ၆တန်းကျောင်းသူ နန်းခမ်းခင် တို့ ထိခိုက်ဒဏ်ရာ ရရှိသည်ခြင်းဖြစ်သည်။

အမည်မဖေါ်လိုသည့် ကျန်းမာရေးဝန်ထမ်းတဦးက - “ဒဏ်ရာတွေက ဝမ်းဗိုက်၊ ခြေထောက်တွေမှာ။ သွေးတော့တော်တော်ထွက်တယ်။ ဒဏ်ရာအပြင်းဆုံးက ဟိုကောင်မလေး နန်းခမ်းခင် ။ စိတ်ပူရတယ်သူက ” - ဟု ပြောသည်။

အဖွားမယ်ထောဝ်လိတ်က ခါးတွင်လည်းကောင်း၊ ကိုရင်တပါးက ဦးခေါင်း၊ နောက်တပါးက ခြေထောက် တွင်လည်းကောင်း၊ နန်းခမ်းခင်က ဝမ်းဗိုက် နှင့် နားရင်းတို့တွင် ဗုံးစများ ဝင်သွားသည်ဟုသိရသည်။

အဆိုပါဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ မြို့နယ်ရဲစခန်းကို ဖုန်းခေါ်သော်လည်း မရရှိခဲ့ပေ။

“မွှန်းလွှဲ ၂ နာရီ ၃ နာရီတုန်းက ဒီရပ်ကွက် (၁) နားက စစ်သားတစုက နမ့်မော်နိုင်းခေါဝ် ရေတွင်းမှာ ရေလာချိုးတာ။ သူတို့ ပြန်သွားပြီးတော့ ပေါက်ေ တာ့တာဘဲ။ ပေါက်ကွဲတဲ့နေရာက သျှမ်းစာပေရုံးနဲ့ မြို့လယ်ကျောင်း အနီး ဘဲလေ” - ဟု အမှတ် ၁ ရပ်ကွက်နေ သည့် အမည်မဖေါ်လို သူတဦး က ပြောသည်။

ရပ်မိရပ်ဖ တဦးဖြစ်သူက ယခု ဗုံးပေါက်ကွဲမှုသည် တတိယလက်သည်ဖြစ် နိုင်ကြောင်း၊ ဗုံးပေါက် ကွဲမှုကြောင့် အစိုးရတပ်လုံခြုံရေးပိုမိုတိုးမြင့် လာ ဖွယ်ရှိကြောင်း၊ စစ်ဘေးရှောင်ဒုက္ခသည်များ အတွက် သွားရောက် အကူ အညီပေးနေသည့်အလှူရှင်များအား ပိုမို စစ်ဆေးလာနိုင်ဖွယ် ရှိကြောင်း ပြော သည်။

မိုင်းရှူးမြို့လယ်တွင် ဗုံးပေါက်ကွဲသကဲ့သို့ ယမန်နေ့က မိုင်းစန်မြို့ ရဲစခန်း အနီးတွင်လည်း ထို့နည်းတူ ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရှိသူမရှိကြောင်း မိုင်းစန်မြို့ခံ စိုင်းဩကြီး ကပြောသည်။

ဓါတ်ပုံ- ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ မိုင်းရှူးဒေသခံများ
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment