Audible-content mobile app ခေါ် အင်တာနက် သတင်းအချက်အလက်ကို အသံဖြင့်နားထောင်နိုင်သော app ကို ကျောင်းသူလေးတီထွင်





Liuzhou Vocational and Technical College မှ တရုတ်ကျောင်းသူလေး တစ်ဦးဟာ အင်တာနက်သုံးစွဲသူတွေအနေနဲ့ သတင်းအချက်အလက်တွေကို စာလုံးပေါင်းပြီး ဖတ်ရှုနေမယ့်အစား အသံနဲ့ နားထောင်နိုင်မယ့် application တစ်မျိုး တီထွင်လိုက်ပါတယ်။
ယင်း App က စာလုံးဖြင့်ပေးပို့ထားတဲ့ စာတိုတွေကို အသံမေ့ဆေ့ခ်ျ အဖြစ် ပြောင်းလဲစေနိုင်မှာဖြစ်ပါတယ်။
ယင်း ကျောင်းသူလေး Wu Yajing က မျက်စိအဝေးမှုန်သူ တစ်ဦးဖြစ်ပါတယ်။ သူမမိဘတွေ ကိုယ်တိုင်လည်း အဝေးမှုန်သူတွေ ဖြစ်ကြပြီး အင်တာနက်သတင်းအချက်အလက်တွေကို မျက်နှာပြင် အင်မတန်ကျယ်တဲ့ စမတ်ဖုန်းနဲ့တောင် ဖတ်ရတာ အခက်တွေ့ကြပါတယ်။ ဒါ့ကြောင့် ဒီ app ကို သူတို့အတွက် တီထွင်ခဲ့တာဖြစ်ကြောင်း သူမက ပြောပါတယ်။
တစ်နှစ်ကြာ သုတေသနနဲ့ တီထွင်မှုပြုလုပ်ပြီးနောက် “voice browser of network voice synthesis” ကို သူမ ဒီဇိုင်းဆွဲခဲ့တာပါ။ ဒီ application ကို ဒေါင်းလုဒ်ရယူပြီး မိမိကြိုက်ရာ ရွေးချယ်နားထောင်နိုင်ပါတယ်။
သူမမိဘတွေရဲ့ အကြံပြုချက်နဲ့ ပြုပြင်မွမ်းမံမှုတချို့တို့ကြောင့် app လေးဟာ အသုံးပြုရ လွယ်ကူပါတယ်။ ပထမနှစ်ဝက်လောက်မှာ ကုမ္ပဏီတစ်ခုနဲ့လည်း Wu မှတ်ပုံတင်ထားပါတယ်။
နောက်နောင်မှာ Wu အနေနဲ့ ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့နဲ့ အင်တာနက်သုံးအပြုမှု ပိုမိုအဆင်ပြေစေဖို့ သုတေသနတွေ ပြုလုပ်ဆောင်ရွက်သွားဖို့ မျှော်လင့်ထားပါတယ်။
Ref: Chinadaily                                                                                                                                            Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment