ရိုက်ထားသမျှ ဇာတ်ကားတွေနဲ့ပတ်သက်ပြီး ပရိသတ်ဆီက Positive ပဲ ကြားချင်၊ လိုချင်ပါတယ်ဆိုတဲ့ လွှမ်းပိုင်


လက်ရှိမှာ ပထမဆုံး ကားကြီးအနေနဲ့ ဘိုဘိုထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးတဲ့ ငါ့ကို နမ်းတဲ့ လိပ်ပြာ ဇာတ်ကားမှာ ပရဟိတလုပ်တဲ့ စာရေးဆရာ လူငယ်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်နေတဲ့ လွှမ်းပိုင်ကို မေးခွန်းအချို့နဲ့ ထိတွေ့ဖြစ်ခဲ့ပုံက
-အခုရိုက်နေတဲ့ ကားလေး အကြောင်းကို အရင်ပြောပြပေးပါဦး။
အခုရိုက်နေတဲ့ ကားလေးက ငါ့ကို နမ်းတဲ့ မုန်တိုင်းတဲ့။ ထုတ်လုပ်ရေးက ဘိုဘို ကပေါ့။ ဒါရိုက်တာက ကိုဝင်းလွင်ထက်၊ ကျွန်တော်ရယ်၊ ရဲရင့်အောင်ရယ်၊ ဖွေးဖွေးရယ်ပေါ့။ ဒီကားက ရုပ်ရှင်ကားကြီးပါ။
-ပါဝင်တဲ့ အစ်ကို့ရဲ့ကာရိုက်တာလေးက။
ဒီထဲမှာကျွန်တော်က ပရဟိတ ၀ါသနာပါတယ်။ ရိုးသားတဲ့ စာရေးဆရာ၊ ခပ်အေးအေး စာရေးဆရာတစ်ယောက်ပေါ့။
-ဒီကားနဲ့ပတ်သက်ပြီး ကားကြီးလဲဖြစ်နေတဲ့အခါကျတော့ ပြင်ဆင်ရမှုအပိုင်းလေးတွေကိုလဲ သိချင်ပါတယ်။
အဓိကကတော့ စိတ်ပေါ့။ ပရဟိတလုပ်တဲ့ လူတစ်ယောက်ရဲ့စိတ်၊ ပုံစံမျိုးကို နှစ်ထားရတယ်။ လူတစ်ယောက်ကို ကူညီချင်စိတ်ရှိတဲ့ ပုံပေါက်အောင်တော့ အတတ်နိုင်ဆုံးကြိုးစားထားတယ်။ ဖြူစင်တဲ့ပုံပေါ့။ ဒီထဲမှာ ၀တ်ရတဲ့ အ၀တ်အစားတွေက အရမ်း ခပ်ဟော့ဟော့လဲ မဟုတ်ဘူး။ ခေတ်မီတဲ့ လူငယ်လည်း မဟုတ်ဘူး။ သမားရိုးကျ ရိုးရိုးအေးအေးနေတဲ့ ပုံစံလေးပေါက်အောင်တော့ အ၀တ်အစားပိုင်းကို ပြင်ဆင်ထားတယ်။
-ဖွေးဖွေးနဲ့တွဲရိုက်တာ ပထမဆုံးလဲဖြစ်တယ်။ ကားကြီးလဲဖြစ်တဲ့အတွက် ဘယ်လိုအမှတ်တရလေးတွေရော ရှိလဲ။
အခက်အခဲကြီးကြီးမားမားတော့ မရှိသေးဘူး။ ကျွန်တော်တို့ လိုအပ်တာလေးတွေကိုလဲ ဖွေးဖွေးကသင်ပေးတယ်။ အဆင်ပြေတယ်။ ရိုက်ရတဲ့ ကဒ်တွေမှန်သမျှကိုလဲ အတတ်နိုင်ဆုံး စိတ်နှစ်ပြီး အကောင်းဆုံးတော့ ကြိုးစားထားတယ်။ အမှတ်တရတွေကတော့ အများကြီးပါပဲ။
-ဂီတပိုင်းနဲ့ပတ်သက်ပြီးတော့ရော ပရိသတ်ကိုဘာတွေ့ချပြဖို့ရှိလဲ။
လာမဲ့ ၁၈ ရက်နေ့ မကွေးမှာ VEVE ပွဲမှာ ဆိုဖို့ရှိတယ်။ ၂၀ကတော့ ဖားကန့်ဖက်မှာဆိုဖို့ရှိတယ်။ ရွှေ FM အခွေလဲ လတ်တလောထွက်ထားတယ်။ မမဝေဒနာဆိုတဲ့ သီချင်းလေးပါထားတယ်။ ဂီတစာဆိုလွှမ်းပိုင်ကအမ်တီဗီက ရိုက်ထားတာပြီးသလောက် ရှိနေပြီ။ ဒီဇင်ဘာလောက်ထွက်ဖို့မှန်းထားတယ်။ ၂ပုဒ်ကို မရိုက်ဘူး။ လက်တွေမြှောက်ဆိုတဲ့အပုဒ်ရယ်၊ Disco ဆိုတဲ့ အပုဒ်ရယ်ပေါ့။ ပယ်ထားတယ်။ အမ်တီဗီမရိုက်ဘူး။ ရိုက်ထားတဲ့နေရာတွေ ကတော့ ရန်ကုန်မှာပါပဲ။ ဒီအခွေကို ကျွန်တော်တော်တော်လေးလဲ အားရတယ်။ ထွက်ရင် ပရိသတ်တွေလဲသိကြမှာပါ။
-ဒီနှစ်ထဲမှာ သရုပ်ဆောင်ဖက်ပါလုပ်နေရတဲ့အတွက် ဂီတဖက်ကို ဖန်တီးတဲ့အပိုင်းနဲ့ပတ်သက်ပြီး အားနည်းသွားတယ်လို့ရော ခံစားမိလား။
အဲ့ဒီလိုတော့ မရှိပါဘူး။
-ကိုယ်တိုင်ရေး ဇာတ်လမ်းတွေရိုက်ဖြစ်နေတော့ ထပ်ရိုက်ဖို့စီစဉ်ထားတာမျိုးရော ရှိနေမလား။
ကိုယ်စောင့်နတ်ဆိုတဲ့ ကားတစ်ကားရိုက်ဖို့ရှိတယ်။ ကျွန်တော်ရေးတဲ့ ဇာတ်လမ်းလေးပါပဲ။ ကျန်တာကတော့ မသေချာသေးပါဘူး။
-တခြားတိုက်တွေက ကမ်းလှမ်းခဲ့မယ်ဆိုရင်ရော လက်ခံဖြစ်မလား။
အခုလောလောဆယ်မှာ တခြားတိုက်နဲ့အလုပ်လုပ်နေတာမျိုးတော့ မရှိသေးပါဘူး။ ဘိုဘိုနဲ့ပဲရိုက်ဖြစ်နေပါတယ်။
-ရိုက်ထားတဲ့ ဇာတ်ကားတွေနဲ့ပတ်သက်ပြီး ပရိသတ်ရဲ့ တုန့်ပြန်မှုကိုရော ဘယ်လိုမျိုးမျှော်လင့်ထားလဲ။
အကောင်းဆုံးတော့မျှော်လင့်တယ်။ လိုချင်တာကတော့ ပရိသတ်ဆီက positive ပဲပေါ့။ ဒါပေမဲ့ အဲ့ဒီအပိုင်းကတော့ အခွေထွက်လာတဲ့အခါမှာ ပရိသတ်တွေပဲဆုံးဖြတ်ပေးပါလိမ့်မယ်။
-Let’s Go နဲ့ရော ထပ်ရိုက်ဖို့စီစဉ်ထားတာမျိုးရှိဦးမလား။
Let’s Go နဲ့က ရှေ့လ ၄ ရက်နေ့ကျရင် ထိုင်းဖက်သွားဖို့ရှိပါတယ်။
-ရိုက်ကူးပြီးသားကားတွေထဲမှာ အားအရဆုံး ကားဆိုရင် ဘယ်ကားဖြစ်မလဲ။
အခုဒီကားကြီးကတော့ မပြီးသေးဘူး။ ဒါပေမဲ့ ရိုက်ထားပြီးသမျှကိုတော့ အားရတယ်။ ပြီးပြီးသားထဲကပြောရမယ်ဆိုရင် ကျွန်တော်ပိုပြီးတော့ ကျေနပ်တာက ဂျာကင်ဟောင်းလေးပေါ့။ အဲ့ဒီကားလေးကို တော်တော်လေးလဲ အားစိုက်ထားတယ်။ ဒီကားထဲမှာပါတဲ့ သီချင်းတွေရော ၊ နောက်ခံတီးလုံးတွေရော ကျွန်တော်ကိုယ်တိုင် လုပ်ထားတယ်။ နောက်ကာလာချိန်တာကအစ အားလုံး ကျွန်တော်လုပ်ထားတာဖြစ်တဲ့အတွက် အဲ့ဒီကားလေးကို ပိုပြီး အားစိုက်ထားသလို ပိုပြီးလဲကြည့်စေချင်ပါတယ်။                                    Trend  Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment