တနင်္လာ နေ့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ဝေဖန် ပြောကြား လိုက်တာပါ |
ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ကနေ ဝင်ပြိုင် မယ့် အငြိမ်စား ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ နဲ့ ရန်ကုန်တိုင်း နယ်စပ် လုံခြုံရေး ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး တင်ဝင်း တို့ ကတော့ ကိုးကိုးကျွန်းမှာ မဲဆွယ် စည်းရုံးရေး တွေ လုပ်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြိုင်ဘက် အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်က ကိုယ်စားလှယ် တွေ ကတော့ ကျွန်းပေါ်ကို သွားရောက် နိုင်ခြင်း မရှိသေး တာကြောင့် အန်အဲလ်ဒီ ကနေ တနင်္လာ နေ့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ဝေဖန် ပြောကြား လိုက်တာပါ။
ကိုကိုးကျွန်းမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် အန်အဲလ်ဒီ ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက အဖွဲ့ချုပ် ကိုယ်စားလှယ် တွေရဲ့ သွားရောက်မယ့် အစီ အစဉ် ဟာ အကြောင်း အမျိုးမျိုး ပြပြီး ပယ်ချခံ နေရတယ် လို့ ဆိုပါတယ်။
ကိုကိုးကျွန်း မှာက ကြံ့ခိုင် ဖွံ့ ဖြိုးရေး ပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တို့ဘဲ အဓိက ယှဉ်ပြိုင် ကြမှာ လည်း ဖြစ်ပါတယ်။
ကိုကိုးကျွန်းမြို့ ဟာ ရန်ကုန်တိုင်း ထဲမှာ ပါဝင် ပြီးတော့ ရန်ကုန် နဲ့ ရေမိုင် ၂၆၀ ကျော် ဝေးပြီး၊ မဲပေးနိုင်သူ လူဦးရေ ဟာ ၁၅၀၀ လောက်ဘဲ ရှိကာ၊ ရေတပ် မိသားစု တွေက တစ်ဝက် လောက် ပါဝင် နေပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်က တိုင်း အစိုးရ ကို ကိုယ်စားလှယ်တွေ သွားဖို့ စီစဉ်ပေး ဖို့ စာထုတ်ခဲ့ သလို အစိုးရ ဘက်က လည်း ပိတ်ပင် ထားတယ် မရှိ ဘူး ဆိုပေမဲ့ ကိုကိုးကျွန်းဟာ အစိုးရ ခွင့်ပြု ချက်ပေးတဲ့ လေယာဉ်၊ ရေယဉ် တွေ နဲ့သာ သွားလာ ခွင့်ပြုထားတဲ့ ထူးခြားတဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင် အန်အဲလ်ဒီက ကိုယ်စားလှယ်တွေ ကိုကိုးကျွန်းပေါ် ကို မဲဆွယ်ခွင့် မရ ခဲ့ဘူး ဆိုရင် တော့ ရွေးကောက်ပွဲ ဟာ တရား မျှတ မှု မရှိ ဘူးလို့ နိုင်ငံ တကာက ထောက်ပြလာ စရာ တစ်ခု ဖြစ်လာ နိုင်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ ကတော့ ကမ်းရိုးတန်း သွား စက်လှေနဲ့ သွားဖို့ ကြိုး စား နေပြီးတော့ အခု ချိန် အထိ သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေက ခွင့်ပြု ချက် မရသေး ဘူးလို့ သိရပါတယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment