စိတ်ဝေဒနာသည်က လူတဦးကို ထိုးကြိတ်မှုရုပ်သံ ထိုင်းအွန်လိုင်းတွင် ပျံ့နှံ့ (ရုပ်သံ)


ထိုင်းနိုင်ငံ ဘန်ကောက်က လမ်းပေါ်မှာ စိတ်ဝေဒနာသည်တဦးက လူတဦးကို အကြောင်းမဲ့ ထိုးနှက်ကန်ကြောက်ခဲ့တဲ့ ရုပ်သံဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားပြီး ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။
အောက်တိုဘာ ၁၃ ရက် မနက်ပိုင်း ဘန်ကောက် လတ်ဖယောင်းခရိုင်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လုံခြုံရေး ကင်မရာနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
အထိုးခံရသူက ပြန်လည်ထိုးခဲ့တဲ့အတွက် အမျိုးသား ၂ ဦး လုံးထွေးပြီး လမ်းပေါ်မှာ တဦးနဲ့တဦး အပြန်အလှန် ထိုးနှက်ခဲ့ကြပါတယ်။
စက္ကန့် ၃၀ အကြာ တိုက်ခိုက်မှုအပြီးမှာတော့ တိုက်ခိုက်တဲ့ စိတ်ဝေဒနာသည် အမျိုးသားက ထွက်သွားခဲ့ပါတယ်။
အနီးနားက ဖြတ်သွားဖြတ်လာသူတွေကတော့ ဒီရန်ပွဲနဲ့ပတ်သက်ပြီး တစုံတရာ ဟန့်တားခဲ့ခြင်း မရှိပါဘူး။
ဒီနောက်မှာတော့ စိတ်ဝေဒနာသည် အမျိုးသားက အဲဒီအနီးအနားမှာပဲ နောက်ထပ် အမျိုးသားတဦးကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသားက ပြန်တုံ့ပြန်ဖို့ ကြိုးစားတဲ့အတွက် မတိုက်ခိုက်ဖြစ်ခဲ့ပါဘူး။
စတင်တိုက်ခိုက်တဲ့သူဟာ အိမ်ယာမဲ့ စိတ်ဝေဒနာသည်ဖြစ်ပြီး သူ့ကိုကြည့်ရင် တိုက်ခိုက်လေ့ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ တိုက်ခိုက်တဲ့သူဟာ စိတ်ရောဂါကြောင့် ချင်းရိုင်းက ဆရာဝန်တွေကို ပြဖို့ ကြိုးစားခဲ့ပေမယ့် ဆေးဝါးကုသမှု မရရှိခဲ့ဘူးလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့က ဒီစိတ်ဝေဒနာသည်ကို လိုက်လံရှာဖွေနေသလို တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး တဦးတယောက်မှ တိုင်တန်းခြင်း မရှိသေးပါဘူး။
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment