ချက်ကြိုးတန်းလန်းနဲ့ မွေးကာစကလေးကို အမှိုက်အိတ်ထဲ အသက်ရှင်လျက်တွေ့ရ


မွေးကာစကလေး သေးသေးလေးကို လမ်းဘေးက အမှိုက်အိတ်အနက်ရောင်ထဲမှာ အသက်ရှင်လျက်တွေ့ခဲ့ရပါတယ်။ ချက်ကြိုးတောင် မဖြတ်ရသေးပါဘူး။ လမ်းဘေးက အိတ်အနက်ထဲ ကလေးကို ရှာတွေ့ခဲ့ကြတဲ့အချိန်မှာ လူတစ်စုက ကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။

လက်လေးကားကား ကားကားလုပ်ပြီး အသက်ရှင်လျက်တွေ့ရတာကို လူတွေက အံ့သြခဲ့ကြပြီး ပရဟိတစိတ်ရှိတဲ့ အမျိုးသမီးတစ်ယောက်က ကောက်ချီခဲ့ပါတယ်။ ပန်းရောင်ဝတ်စုံနဲ့ အမျိုးသမီးတစ်ဦးက ကလေးကိုအိတ်ထဲကမထုတ်ခင်မှာ သန့်ရှင်းရေးလက်အိတ် အရင်ဝတ်ခဲ့ပါသေးတယ်။ ချက်ကြိုးတန်းလန်းတဲ့ ကလေးကို ကောက်ချီလိုက်တဲ့အခါမှာတော့ ချက်ကြိုးတင်မဟုတ်ဘဲ၊ အချင်းကပါ တွဲလျက်ရှိနေပါသေးတယ်။


ဒီဗီဒီယိုဖိုင်ကို ရိုက်ကူးခဲ့တာဟာ ဘယ်နေရာမှန်းတော့ မသိပေမဲ့ ဖိလစ်ပိုင်မှာလို့တော့ ယူဆနိုင်ပါတယ်။


၁၃ရက်နေ့တုန်းကလည်း တောင်အာဖရိက၊ ကိတ်ပ်တောင်းရဲ့ အမှိုက်တောင်းထဲမှာ မွေးကာစကလေး အလောင်းတစ်ခုကို တွေ့ရှိခဲ့ရတယ်လို့ Eyewitness News သတင်းဌာနကနေ ထုတ်ပြန်ပါတယ်။ ကောင်စီသန့်ရှင်းရေးတစ်ဦးက တွေ့ရှိခဲ့တာလို့ ရဲဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံမှာဆိုရင် မိသားတစ်စု-ကလေးတစ်ယောက် မူဝါဒက ကလေးစွန့်ပစ်မှုဖြစ်လာဖို့ကို အားပေးအားမြှောက် လုပ်သလိုဖြစ်နေပါတယ်။ သားမွေးရမယ်၊ သားဆိုတာ ဘိုးဘေးတွေရဲ့ မိသားစုနာမည်ကို ဆက်ခံတာဆိုတဲ့ ရိုးရာကြောင့်လည်း သမီးမိန်းကလေးတွေဟာ စွန့်ပစ်ခံနေရပါတယ်။

ကမ္ဘာတစ်ဝှမ်း မိမိကလေးငယ်ကို စွန့်ပစ်တဲ့ မိဘအရေအတွက်ဟာ တစ်နှစ်ကို သောင်းနဲ့ချီပြီးရှိတယ်လို့ သိရပါတယ်။

( Skyler )


#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref:Daily Mail  
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment