အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းတို့မှ ကာကွယ်ရန်အတွက် ငယ်ရွယ်သည့် အချိန်မှစတင်ပြီး ရင်သားကို မီးအပူပေးပြီး သေးငယ်အောင် ပြုလုပ်သည့် ဓလေ့ထုံးစံသည် စိုးရိမ်စရာ အနေအထားသို့ ရောက်လာပြီ ဖြစ်ကြောင်း ကုလသမဂ္ဂမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ယင်းသို့ ပြုလုပ်ခံရသည့် အမျိုးသမီး အရေအတွက်သည် ယခုအခါ (၃ ဒသမ ၈) သန်းဦး အထိ ရှိနေပြီဖြစ်သည်။ ယင်းသို့ ပြုလုပ်ရန်အတွက် အမျိုးသမီးတစ်ဦး၏ ရင်သားအား ကျောက်ခဲတုံး၊ ပန်းရန်သမားများ အသုံးပြုသည့် သန်လျက်တို့ကို အပူပေး ကပ်လိုက်ခြင်း ဖြစ်သည်။ တောင်အာဖရိက၊ ကင်မရွန်းနှင့် နိုင်ဂျီးရီးယားတို့တွင် အမျိုးသမီးငယ်များ၏ မိဘများက ပြုလုပ်နေခြင်း ဖြစ်သည်။
အသက်(၁၁)နှစ်မှ (၁၅)နှစ် အထိရှိသည့် အမျိုးသမီးငယ်များ၏ ရင်သားများ ထပ်မံမကြီးထွားလာရန် ပြုလုပ်နေကြခြင်း ဖြစ်သည်။ ရင်သားများ ကြီးထွားခြင်းသည် ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်မှု ဖြစ်စေပြီး ဘာသာတရား အရလည်း ရိုင်းစိုင်းလွန်းသည်ပာု ယူဆကာ ပြုလုပ်နေကြခြင်း ဖြစ်သည်။ အမျိုးသမီးငယ်များ၏ မိခင်များသည် သူတို့သမီးများအား လက်မထပ်မီ ကိုယ်ဝန်ဆောင်သွားမည်ကို စိုးရိမ်ခဲ့ပြီး ရင်သာများ ကြီးထွားလာပါက အန္တရာယ် များလွန်းကြောင်း ယူဆခဲ့ကြသည်။ အမျိုးသမီးများ၏ ကျန်းမာရေးအကြောင်းကို လေ့လာ ရေးသားနေသော လီလာပာူစိန်က ယခုအပြုအမူကို ပြုလုပ်ရာတွင် ခေါင်းစဉ် အမျိုးမျိုး တပ်ထားကြောင်း၊ သို့သော် နှိပ်စက်မှုကို ဖုံးကွယ်နေခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ ပြုလုပ်ခြင်းသည် အမျိုးသမီးများအတွက် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ရှိလာနိုင်ကြောင်း သိရသည်။
အမျိုးသမီးငယ်များသည် သူတို့၏ မိခင်များနှင့် တီးတိုးပြုလုပ်သည့် ကိစ္စဖြစ်ပြီး ဖခင်များပင် မသိရတတ်ကြောင်း ဆိုထားသည်။ ယင်းသို့ ပြုလုပ်ခံရသော အမျိုးသမီးအနေဖြင့် ရင်သားကင်ဆာ ဝေဒနာများကိုလည်း ရရှိနိုင်ကြောင်း သတိပေးထားသည်။ အမျိုးသမီး အခွင့်အရေး လူပ်ရှားသူများအနေဖြင့် ထို့သို့ပြုလုပ်ခြင်းကို တာဝန်ရှိသူများအား အရေးယူမှုများ ပြုလုပ်သင့်ကြောင်း တိုက်တွန်းခဲ့ကြသည်။ သဘာဝအလျောက် ကြီးထွားလာသော ရင်သားများကို အပူပေးပြီး သေးငယ်အောင် ပြုလုပ်နေခြင်းကို ကန့်ကွက်ရန်လည်း တောင်းဆိုခဲ့သည်။
The Messenger
0 comments:
Post a Comment